By Copy, Shweproperty.com
Updated at 22 September 2015
နယ်ဘက်မှာ တည်ဆောက်နေတဲ့ မြို့ပြနှင့် အိမ်ရာစီမံကိန်းတွေရဲ့ လက်ရှိတည်ဆောက် ပြီးစီးမှု အခြေအနေတွေကို ဖော်ပြပေးလိုက်ပါတယ်။
စံပယ်အိမ်ရာစီမံကိန်း
သည်စီမံကိန်းကတော့ (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ခဲ့တာပါ။ လက်ရှိမှာ ဖောင်ဒေးရှင်း လုပ်ငန်းတွေ ပြီးစီးနေပြီလို့ သိရပါတယ်။ စီမံကိန်းကို ဆားလင်းကြီးမြို့နယ် ကံကုန်းတိုက်နယ် ဆေးရုံအနီး ပုသိမ်-မုံရွာကားလမ်းမဘေးမှာ တည်ဆောက်နေတာပါ။ စီမံကိန်းမှာ ရှစ်ခန်းတွဲ ငါးထပ် လေးလုံး၊ ၁၂ ခန်းတွဲ ငါးထပ် ရှစ်လုံး ဖြစ်ပါတယ်။ အခန်းဈေးနှုန်းတွေကတော့ ကျပ် (၁၁၅) သိန်းကနေ သိန်း (၂၀၀) ဝန်းကျင်အထိ အစားစားရှိတယ်။ လက်ရှိမှာ စတင်ရောင်းချနေပါပြီ။ (၂၀၁၆) ခုနှစ် သြဂုတ်လမှာ အပြီးတည်ဆောက်မှာ ဖြစ်ပါတယ်။
မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ
အိမ်ရာစီမံကိန်းမှာ လက်ရှိအခန်းပေါင်း (၄၄၀) ပြီးစီးပြီ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရက ရောင်းချမှာ ဖြစ်ပြီး အရစ်ကျစနစ်သာမက လက်ငင်းငွေချေ စနစ်နဲ့ပါ ရောင်းချမယ်လို့ သိရပါတယ်။ အိမ်ရာစီမံကိန်းကို လုပ်သက် (၂၅) နှစ်နဲ့အထက် နိုင်ငံ့ဝန်ထမ်းတွေကို ဦးစားပေး ရောင်းချမယ်လို့ သိရပါတယ်။
Credit : Modern,Kumudra ဂျာနယ်ပါ ဆောင်းပါများကို Shweproperty.com မှ ထုတ်နှုတ်ရေးသား ဖော်ပြခြင်းဖြစ်သည်။
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ