ငလျင်အပြီး အစားအစာနှင့်ရေ ညစ်ညမ်းမှုကြောင့် ရောဂါဖြစ်နိုင်ခြေမြင့်ပါသည်။ မသန့်ရှင်းသောအစားအစာနှင့်ရေသည် ဝမ်းပျက်ဝမ်းလျှော၊ အန်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဖျားခြင်း၊ ကိုက်ခဲခြင်းနှင့် နုံးချိခြင်းတို့ကို ဖြစ်စေပြီး ပြင်းထန်သောရောဂါများဆီဦးတည်စေနိုင်ပါသည်။

အစားအစာစိတ်ချရရန် အဓိကအချက်များ

၁။ ချက်ပြုတ်ထားသောအစားအစာများ

ချက်ပြုတ်ပြီးအစားအစာကို ရေခဲသေတ္တာအပြင်ဘက် ၂ နာရီထက်ပို၍ မထားပါနှင့်။ • လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေခဲသေတ္တာထဲမှာမထည့်ထားသော အလွယ်တကူပျက်စီးနိုင်သည့်အစားအစာများ (ဥပမာ - အသား၊ ငါး၊ နို့ထွက်ပစ္စည်း) နှင့် ချက်ပြုတ်ထားသောအစာများကို စွန့်ပစ်ပါ။

၂။ အစားအစာစီမံခန့်ခွဲမှု

အလွယ်တကူပျက်စီးနိုင်သောအစာများ(ဥပမာ - ဟင်းသီးဟင်းရွက်၊ အသား) ကို ဦးစွာစားသုံးပါ။

ပုပ်သိုးနေသည့်လက္ခဏာ (အနံ့ဆိုး၊ အရောင်ပြောင်းခြင်း) ပြသော အစာများနှင့် ညစ်ညမ်းရေနှင့်ထိတွေ့ထားသော အစာများကို ရှောင်ပါ။ဖြစ်နိုင်လျှင် ကျိုချက်ထားသောရေ (သို့) သောက်ရေသန့်ဘူးကိုသာ အသုံးပြုပါ။



၃။ လျှပ်စစ်မီးပြတ်တောက်ပါက

လျှပ်စစ်မီး ၄ နာရီထက်ကြာအောင်ပြတ်တောက်ပါက အောက်ပါအချက်များကို လိုက်နာပါ။
ရေခဲသေတ္တာထဲရှိ အစားအစာများ - အပူချိန် ၅°C ထက်မြင့်သောနေရာတွင် ၂ နာရီထက်ပိုထားမိပါက စွန့်ပစ်ပါ။ (ဥပမာ - အသား၊ ကြက်၊ ငါး၊ ဟင်းကျန်များ)။

ရေခဲသေတ္တာထဲရှိ အစားအစာများ - အခန်းအပူချိန်တွင် ၂ နာရီထက်ပိုထားမိပါက ပျော်သွားသည့်အစာများကို ချက်ပြုတ်ပါ (သို့) စွန့်ပစ်ပါ။
ဘေးကင်းမှုကို စမ်းသပ်ရန် အစာကို မြည်းစမ်းခြင်း မပြုပါနှင့်။ သံသယရှိပါက စွန့်ပစ်ပါ။

၄။ အသင့်စားအစာများ

အကယ်၍ သင့်အနေဖြင့် အစားအစာများကို သိမ်းဆည်းခြင်း၊ ချက်ပြုတ်ခြင်း သို့မဟုတ် ပြန်နွှေးခြင်းများ မပြုလုပ်နိုင်ပါက၊ အသင့်စား ထုပ်ပိုးထားသော အစားအစာများ၊ စည်သွပ်ဘူးများ သို့မဟုတ် ချက်ပြုတ်စရာမလိုသည့် အစားအစာများကို ဖြစ်နိုင်လျှင် အရန်သိမ်းဆည်းထားပါ။

၅။ လက်ဆေးခြင်း

ဆပ်ပြာဖြင့် လက်ဆေးခြင်းသည် အထူးအရေးကြီးပါသည်။ အထူးသဖြင့် အစားအစာကိုင်တွယ်မည့်အချိန်မတိုင်မီနှင့် ကိုင်တွယ်နေစဉ်အတွင်း၊ အိမ်သာသုံးပြီးသည့်အခါတွင် လက်ကို သေချာဆေးကြောပါ။

ထိရောက်စွာ လက်ဆေးနိုင်ရန် ဆပ်ပြာနှင့် (မကျိုချက်ထားသော) ရေဖြင့် ၄၀–၆၀ စက္ကန့်ကြာ ဆေးကြောပါ၊ သို့မဟုတ် အရက်ပြန်ပါသော လက်သန့်ဆေးရည် (hand rub) ရှိပါက ၂၀–၃၀ စက္ကန့်ကြာ သုံး၍ ဆေးကြောနိုင်ပါသည်။

Credit By : World Health Organization Myanmar