By RW, Shweproperty.com
Updated at 24 April 2025
မီတာခ သက်သာစေဖို့ ကိုယ်တတ်နိုင်တဲ့ နည်းလမ်းနဲ့ ဘယ်လို ဖြေရှင်းလို့ရလဲဆိုတာ ဒီဆောင်းပါးကနေဖော်ပြပေးလိုက်ပါတယ်။ အောက်ကအချက်လေးတွေကို လိုက်လုပ်ကြည့်ပါက မီတာအသုံးစွဲမှုကို ထိရောက်စွာလျော့ချနိုင်မှာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားကို ချွေတာနိုင်သည့် နည်းလမ်းများ မလိုအပ်သော မီးများကို ပိတ်ထားပါ။ အိမ်ပြင်ပ၌ထွန်းသော မီးများကို နေ့အလင်းရောင်ရှိချိန်တွင် ပိတ်ထားခြင်းဖြင့် လျှပ်စစ်ကို ချွေတာနိုင်ပါတယ်။ ရိုးရိုးမီးလုံး၊ မီးချောင်းထက် Energy Saving Lamp ကို ရွေးချယ် အသုံးပြုသင့်သည်။ Energy Saving Lamp ထက် LED မီးလုံး မီးချောင်းများကို ရွေးချယ် အသုံးပြုသင့်သည်။ ပြင်ပအလင်းရောင်ကို အသုံးချပါ။ မလိုအပ်သော အိမ်တွင်း လျှပ်စစ်မီးများကို လျော့သုံးပါ။ Aircon ၏ အပူချိန်ကို ချိန်ညှိပါ။ လေအေးပေးစက်၏ လေစစ်ဇကာနှင့် ဓာတ်ငွေ့ တို့ကို ပုံမှန်စစ်ဆေးထိန်းသိမ်းခြင်းဖြင့် အအေးဓာတ် အပြည့်ရအောင် ဆောင်ရွက်ပါ။ Aircon ၏ အပူချိန်ကို နေသာထိုင်သာရှိသော 24~25 °C ခန့် ရှိရုံသာ အသုံးပြုသင့်ပါသည်။ လူရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပန်ကာများကို ဆက်တိုက်ဖွင့်ထားခြင်းက မီတာခ ပိုကျစေပါ၍ အသုံးလိုမှ ဖွင့်ပါ။ အသုံးမပြုသည့် လျှပ်စစ်ပစ္စည်းများ၏ Plug ခေါင်းများကို ဖြုတ်ထားပါ။ တီဗွီနှင့် အောက်စက်တို့ကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို အပြီးပိတ်ပါ။ Remote Control ဖြင့်သာပိတ်၍ Standby mode ဖြင့် ထားသည့်တိုင် လျှပ်စစ်မီတာတက်နေပါမည်။ ကွန်ပျူတာကို အသုံးမပြုသည့်အခါ လျှပ်စစ်ခလုပ်ကို ပိတ်ပါ။ Standby mode ဖြင့် ထားသည့်တိုင် လျှပ်စစ်စားမှု ရှိနေသည်ကို သတိပြုစေလိုပါသည်။ လမ်းမီးများကို အလင်းရောင်ရှိသော အချိန်များ၌ ပိတ်ထားပါ။ လမ်းမီးများ၊ ခြံတွင်းမီးများကို နေရောင်ခြည်သုံး LED မီးစနစ်အား အတတ်နိုင်ဆုံး အသုံးပြုပါ။ အလင်းရောင်အားနည်းလာသည့်အချိန်တွင် လမ်းမီးများကို အလိုအလျောက် ဖွင့်စေပြီး၊ အလင်းရောင်ပေါ်ထွက်လာပါက အလိုအလျောက်ပိတ်စေသည့်စနစ်ကို တပ်ဆင်ပါ။ Hot Plate သုံး၍ ရေနွေးအိုး တည်ပါက၊ ရေနွေးဆူမှတ်ထက် အချိန်ကျော်လွန်မှ လူက မီးခလုပ်ကို ပိတ်နိုင်၍ လျှပ်စစ်အသုံးပိုစေပါသည်။ ရေဆူမှတ်ရောက်သည်နှင့် ခလုပ်ကိုအလိုအလျောက်ပိတ်စေသောရေနွေးတည်ခရားကို သုံးခြင်းဖြင့်လျှပ်စစ်ကို ချွေတာသင့်ပါသည်။ အပေါ်ရေတိုင်ကီ ရေပြည့်သည်နှင့် ရေတင်စက်ကို အလိုအလျောက်ရပ်စေမည့် စနစ်အား အသုံးပြုပါ။ ရေများ လျှံကျသည်ကို မြင်ရ ကြားရမှ ရေမော်တာကို ပြေးပိတ်ခြင်းက လျှပ်စစ်လေလွင့်မှု ဖြစ်စေပါသည်။ မီတာခ ပို၍ ကုန်စေပါမည်။ Source : MOEE
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ