By The Kumudra, Shweproperty.com
Updated at 3 August 2016
အစိုးရရက် ၁၀၀ စီမံချက်နဲ့ ရောင်းချပေးသွားမယ့် တန်ဖိုးနည်းအိမ်ရာ တိုက်ခန်းတွေကို လာမယ့်သြဂုတ်လ ဒုတိယအပတ်မှာ စတင်ရောင်းချပေး သွားမယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။
" ဌာနဘက်က တိုင်းဒေသကြီးအစိုးရကို ဒီရက်ပိုင်းအတွင်း အခန်းတွေ လွှဲပြောင်းပေးသွားမယ်၊ တိုင်းဒေသကြီးဘက်က ပြင်ဆင်တာတွေနဲ့ဆို သြဂုတ်လဒုတိယအပတ်လောက်မှာ ရောင်းချပေးသွားမယ်၊ စည်းကမ်းချက်တွေနဲ့ ဝယ်ယူခွင့်လျောက်လွှာတွေကိုလဲ သူတို့ဘက်က ပြင်ဆင်ပေး သွားမှာ" လို့မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ခန်းဈေးနှုန်းတွေကတော့ အများဆုံး ကျပ်သိန်း ၁၂၀ ဝန်ကျင်ကနေ ကျပ်သိန်း ၁၀၀ အောက်အထိ အခန်း အမျိုးအစား လေးခုလောက် ပါဝင်ပါတယ်။ အခန်းအကျယ်အဝန်းတွေကတော့ ၄၆၈ စတုရန်းပေ၊ ၄၈၄ စတုရန်ပေနဲ့ ၅၂၀ စတုရန်ပေး ရှိပြီး ခြောက်ခန်းတွဲ လေးထပ်နဲ့ ရှစ်ခန်းတွဲလေးထပ် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
ရောင်းချမှုကိုတော့ ဝင်ငွေနဲ့ ပတ်သက်ပြီး အများဆုံး ကန့်သတ်ထားတာမရှိပေမဲ့ အများဆုံးမိသာစုဝင်ငွေ ကျပ်သုံးသိန်းနဲ့ ငါးသိန်းကြား ဝင်ငွေရှိ သူတွေကို အဓိကရောင်းချပေးမှာဖြစ်ပြီး ကျပ်ခုနှစ်သိန်းနဲ့ အထက်ဝင်ငွေရှိသူတွေကိုတော့ တန်ဖိုးမျှတအိမ်ရာလို တိုက်ခန်းတွေကို ရောင်းချပေး သွားမှာဖြစ်ပါတယ်။
ရောင်းချမယ့်အခန်းစုစုပေါင်း ၂၂၂၀၈ ခန်းပါဝင်ပြီး ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်းက ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၁) မှာ ၈၆၄ ခန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင် ကနောင်တန်ဖိုးနည်းအိမ်ရာမှာ ၈၄၀ ခန်း၊ လှိုင်သာယာမြို့နယ် ရွှေလင်ဗန်း အပိုင်း (၃) မှာ ၅၀၄ ခန်း ရောင်းချသွားမှာ ဖြစ်ပါတယ်။
အခန်းတွေကို ပုံစံနှစ်မျိုးနဲ့ ရောင်းချပေးသွားမှာဖြစ်ပြီး လက်ငင်းဝယ်ယူမှုကိုတော့ လေးရစ်ခွဲပေးသွင်းနိုင်မှာ ဖြစ်သလို အရစ်ကျရောင်းချမှုကိုတော့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ချိတ်ဆက်ပြီး အတိုးနှုန်း တစ်ရာခိုင်နှုန်း အပါ ရှစ်နှစ်အရစ်နဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ အခန်းဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ ပထမ အရစ်ငွေပေးသွင်းပြီးတာနဲ့ အခန်းတွေမှာ နေထိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
Ref : The Kumudra
Photo Credit : Social
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ