By သီဟကိုကို, Shweproperty.com
Updated at 10 September 2013
ရန်ကုန်မြို့ မရန်းကုန်းမြို့နယ် မင်းဓမ္မ လမ်းရှိ ဒုတိယစီးပွားရေးဇုန် စီမံကိန်း အ ကောင်အထည် ဖော်ရန်အတွက် မြေငှား ရမ်းရန် တင်ဒါခေါ်ယူကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ (YCDC) က ထုတ် ပြန်လိုက်သည်။
အဆိုပါ စီးပွားရေးဇုန်အား မရမ်းကုန်း မြို့နယ်၊ မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့် ရှိ မြေဧက ၃၆ဒသမ ၅၅၁ ဧကတွင် တည် ထောင်လုပ်ကိုင်ရန်အတွက် ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များအား တင်ဒါခေါ် ထားပြီး တင်ဒါ တင်သွင်းနိုင်ရန်အတွက် လုပ်ငန်းရှင်များအနေဖြင့် ကန်ဒေါ်လာ ၁ဝဝဝ (သို့မဟုတ် ) ကျပ်ငွေ တစ်သန်း ပေး သွင်း ဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာန၊ ဌာနမှူး ဦးတိုးအောင်က ''အခုတော့ YCDC ပိုင် မြေဧက ၃၆ဒသမ၅၅၁ ဧက ပေါ်မှာပဲ အခြေပြု တည်ဆောက်သွားပါ မယ်၊ အခြားဝန်ကြီး ဌာနပိုင် မြေဧရိယာ တွေနဲ့ ပက်သက်ပြီးတော့ ညှိနှိုင်းဆွေးနွေး ထားတာတော့ မရှိသေးပါဘူး''ဟု မဇ္ဈိမသို့ ပြောသည်။
ပြီးခဲ့သော သြဂုတ်လကတည်းက တင်ဒါခေါ်ယူရန်သတင်းများထွက်ပေါ်ခဲ့သော် လည်း မြေကိစ္စများဆွေးနွေးခြင်း မပြီးပြတ် သေး၍ ယခုအချိန်မှ တင်ဒါခေါ်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုအချိန်အထိ အခြားဝန်ကြီးဌာနများနှင့် ညှိနှိုင်းခြင်း မပြု ရသေးပေ။
တင်ဒါနှင့်အတူ တင်ဒါ တင်သွင်းမှု အာမခံအဖြစ် ကန်ဒေါ်လာ တစ်သန်း တန် ဖိုးရှိ သက်တမ်း ခြောက်လရှိသော ဘဏ် အာမခံ ပါရှိရမည်ဖြစ်ပြီး အဆိုပါ ဘဏ်အာ မခံအား ပြည်တွင်းနှင့် မြန်မာ့ နိုင်ငံခြားကုန် သွယ်မှု ဘဏ်တို့၏ အဆက်အသွယ်ဖြစ် သော ပြည်ပဘဏ်မှ ထုတ်ပေးခြင်းဖြစ်ရမည် ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
တင်ဒါများကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက် နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ပြီး တင်ဒါဖွင့်လှစ်မည့် အချိန်အား တင် ဒါတင် သွင်းသည့် လုပ်ငန်းရှင်များအား အ ကြောင်း ကြားသွားမည် ဖြစ်ကြောင်း သိရ သည်။
အဆိုပါ စီမံကိန်းတွင် ဟိုတယ်၊ ကွန်ဗင်း ရှင်းစင်တာ၊ ပြခန်းကြီးများ၊ ကဇာတ်ရုံများ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းမောများ၊ ရုံးအဆောက် အအုံများ တည်ဆောက်လုပ်ကိုင်ခြင်းတို့ပါ ဝင်နိုင်ပါကြောင်း ဆိုသည်။
မင်္ဂလာတောင်ညွှန့်
ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ ဗိုလ်မင်းရောင်လမ်းနှင့် မြန်မာ့ဂုဏ်ရည် လမ်းရှိ မြေဧက ၈ ဒသမ ၅၁၈ ဧကတွင် လည်း စီးပွားရေး အဆောက်အအုံများ စီမံကိန်း အကောင်အထည်ဖော် ဆောင် ရွက်ရန်အတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်း ရှင်များအား တင်ဒါခေါ်ယူထားသည်။
အဆိုပါ မင်္ဂလာတောင်ညွန့်ရှိ စီးပွား ရေး စီမံကိန်း တင်ဒါ စည်းကမ်းသတ်မှတ် ချက်များသည် မင်းဓမ္မလမ်း စီးပွားရေးဇုန် စီမံကိန်း တင်ဒါသတ်မှတ်ချက်များနှင့် တူ ညီပြီး အကောင်အထည်ဖော် ဆောင်ရွက် မည့် စီမံကိန်းများတွင်မူ မင်းဓမ္မတွင် မပါ ဝင်သည့် လူနေတိုက်ခန်း (ကွန်ဒို) တည် ဆောက်ခြင်း ပါဝင်သည်။
Ref : Mizzima
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ