City Loft အိမ်ရာစီမံကိန်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလက စတင်ခဲ့ပြီး ၂၅ နှစ်အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။


အဆိုပါ အိမ်ရာမှာ သန်လျင်တံတားအဆင်း Star City အိမ်ရာဝင်းအတွင်းတည်ရှိပြီး Yoma Land က တာဝန်ယူ အကောင်အထည်ဖော်ဆောင်လျက်ရှိသော အဆင့်မြင့်အိမ်ရာဖြစ်သည်။စိမ်းစိုသာယာပြီး တာဝါ ၁၁ လုံး တည်ဆောက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။ ဒါ့အပြင် Wet Market နဲ့ Food Court တို့မှ ပါဝင်ဆောက်လုပ်ထားတဲ့ စျေးရုံသစ် The Hangar ကိုလည်း မကြာခင်မှာ ဖွင့်လှစ်တော့မှာ ဖြစ်တဲ့အတွက်ကြောင့် City Loft အိမ်ရာရောင်းချမှုသည် အခြားသော စီမံကိန်းများထက် ပိုမို အရောင်းမြင့်လျက်ရှိသည်။


ကိုယ်ပိုင်အိပ်ခန်းပိုင်ဆိုင်နိုင်ဖို့ လူလတ်တန်းစားလူငယ်များပင် စိတ်အားထက်သန်လျက်ရှိသည်ကိုလည်း တွေ့ရပါသည်။





ယင်းစီမံကိန်းတွင် လူမှုပတ်ဝန်းကျင်ဆိုင်ရာ အဆောက်အအုံများ၊ နိုင်ငံတကာ အဆင့်မီကျောင်း၊ ဂေါက်ကွင်း၊ ရေကူးကန်၊ အားကစားကွင်း၊ အားကစားခန်းမ၊ စိမ်းစိုသာယာတဲ့ ဉယျာဉ်၊ အလှပြင်ဆိုင်များ။ ဘဏ်နှင့် စူပါမားကတ်များ၊ ရုံးခန်းများပါ ပါဝင်မည်ဟုလည်း သိရပါသည်။ ကျန်းမာရေးနဲ့ ပညာရေးကစလို့ တစ်နေ့တာ လိုအပ်ချက်တွေကို တစ်နေရာတည်းမှာ အပြည့်အဝခံစားနိုင်မည့် သီးသန့်ကမ္ဘာငယ်အဖြစ်တောင် တင်စားခေါ်ယူနိုင်မည့် နေရာတစ်ခု ဖြစ်လာနိုင်ပါမည်။


ဒုတိယမြောက် City Loft စီမံကိန်းကြောင့် ရန်ကုန်မြို့ရှိစီမံကိန်းများကို တိုးချဲ့ဆောက်လုပ်နိုင်ရုံသာမက မိမိတို့ရဲ့ လုပ်ငန်းခွင်နေရာအနီး‌နေထိုင်လိုသူများပါ ယခင်ကထက် အဆင်ပြေလာစေမှာ ဖြစ်သည်ဟု Yoma Strategic ၏ အမှုဆောင်ဉက္ကဌဖြစ်သူ Mr. Serge Pun မှ ပြောကြားသွားလေသည်။


နောက်ဆုံးရ သတင်းများ


ရန်ကုန်မြို့သစ် တွံတေး R1 မှ TIMES 108 PROJECT သည် အာဆီယံမှာပါ စံချိန်ချိုးမည့် အလားအလာရှိ


နိုင်ငံခြားဝင်ငွေများစွာရရှိနိုင်မည့် ကွန်ဒိုအခန်းပေါင်း ၆၀၀၀ ခန့်လျာထားကြောင်း


မေမြို့ အကွက်ချမြေများဝယ်ယူရာတွင် သေချာစုံစမ်းစစ်ဆေးရန်လိုကြောင်း ပြင်ဦးလွင်လွှတ်တော်အမတ်ကိုယ်တိုင် ပြောကြား


စက်မူမြို့တော်စီမံကိန်း (PIC)တွင် တန်ဖိုးသင့်အိမ်ရာစီမံကိန်းများနှင့် ဈေးဝယ်စင်တာများ တည်ဆောက်မည်


Written by : Aye Sandar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)