By Kumudra, Shweproperty.com
Updated at 24 July 2017
ယခုဘဏ္ဍာနှစ် ၂၀၁၇-၂၀၁၈ ဇူလိုင်လလယ်အ ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဟာ အမေရိကန်ဒေါ်လာ သုံးဘီလျံ ကျော်ရှိတယ်လို့ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်က သိရပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခွင့်ပြုပေးခဲ့မှုမှာ ဇူလိုင်လ လယ်အထိ နိုင် ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၉၃ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏအမေရိကန် ဒေါ်လာ၂၇၆၈့၅၂၅သန်းဖြစ်ပြီးတိုးမြှင့်လိုက်တဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ၂၉၈၉.၈၁၃ ရှိတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကဏ္ဍမှာ စင်ကာပူက အမေရိကန်ဒေါ်လာ ၁၀၉၁့၇၁ သန်း၊ တရုတ်နိုင်ငံက အမေရိကန်ဒေါ် လာ ၅၃၀ သန်းကျော်၊နယ်သာလန် နိုင်ငံက အမေရိကန်ဒေါ်လာ ၅၁၈.၁၀၇ သန်း ဖြစ်ပြီး အများဆုံး ရင်းနှီးမြှုပ်နှံထားတဲ့ ကဏ္ဍက စက်မှုလုပ်ငန်းဖြစ်ပြီး ဒုတိယ အများဆုံးက အိမ်ရာ အဆောက်အအုံ လုပ်ငန်း၊ တတိယအများဆုံးက ဝန်ဆောင်မှုလုပ်ငန်း ဖြစ်တယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တာဝန်ရှိသူတစ်ဦးက “ဒီဘဏ္ဍာနှစ်ရဲ့ သုံးလကျော် ကာ လမှာကိုပဲ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာသုံးဘီလျံ ကျော်သွားပါပြီ၊ လျာထားချက်က ခြောက်ဘီလျံဖြစ်ပေမဲ့ အခုမှ သုံး လတာကာလရှိသေးတယ်ဆိုတော့ လျာထားချက်ကို ကျော်လွန်ပြီး အ လားလာကောင်းနိုင်မယ်လို့ ယူဆပါတယ်”လို့ ပြောပါတယ်။
Ref & Photo Credit : Kumudra
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ