By ဇော်ဝင်းသန်း, Shweproperty.com
Updated at 28 October 2013
ပြည်ပဧည့်သည်အဝင် တိုးတက်လာသည်နှင့်အမျှ ဟိုတယ်အခန်း လိုအပ်ချက်ဖြည့်ဆည်းရန် ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဝင်းအတွင်း ၂၉ ထပ် မြင့် ဟိုတယ်သစ်တစ်လုံးကို လက်ရှိ ဟိုတယ်နှင့်တွဲကာ ၂၀၁၅ ခုနှစ်အတွင်း အပြီးတည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စင်ကာပူ အခြေစိုက် Keppel Land ၏ အမှုဆောင် အရာရှိချုပ် မစ္စတာ Ang Wee Gee က အောက်တိုဘာလ ၂၂ ရက်နေ့က ပြုလုပ်သည့် စီမံကိန်း စတင်သည့် အခမ်းအနားတွင် ပြော ကြားသည်။
"အခုလို လက်ရှိဟိုတယ်ကို ပြန်လည်မွမ်းမံခြင်းနဲ့ အသစ်တိုးချဲ့ တည်ဆောက်ခြင်းက အဆင့်မြင့် ဟိုတယ် အခန်း တောင်းဆိုမှု မြင့်တက်လာချိန် နဲ့ အံကိုက်ဖြစ်ပါတယ်။ အခုလောလောဆယ် တော့ အဆင့်မြင့် ဟိုတယ်အခန်းက ရန်ကန်မှာ နည်းနေပါသေးတယ်။ လက်ရှိ ရန်ကုန်ဆီဒိုးနား ဟိုတယ်မှာဆို ဝန်ထမ်းပေါင်း ၅၀၀ ကျော်လောက်ရှိပါတယ်။ အခုဒီ ၂၉ ထပ် ဟိုတယ်အသစ်ကို ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှာ ဝန်ထမ်း ၂၅၀ ကျော်လောက် ထပ်လိုအပ်ပါတယ်။
တစ်နည်းအားဖြင့် မြန်မာ့စီးပွားရေးနယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်းတီးပေးဖို့ ရာ အခွင့်အလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ခေတ်မီ ဗိသုကာလက်ရာနဲ့ ဆီဒိုးနားဟိုတယ်အသစ် ကြီးက ပြောင်းလဲနေ တဲ့ ရန်ကုန်မြို့ အထပ်မြင့်အဆောက်အအုံတွေမှာ သမိုင်းဝင်နှစ်လိုဖွယ်ဖြစ် မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ပါ တယ်" ဟု ၎င်းကပြောသည်။
ဆီဒိုးနား ဟိုတယ်သည် နိုင်ငံခြား မှ ရင်းနှီးမြှုပ်နှံထားသည့် ကြယ်ငါးပွင့် အဆင့် ဟိုတယ်အနည်းစုအနက် တစ်ခု အပါအဝင်ဖြစ်သည်။ လက်ရှိဟိုတယ် အဆောက်အအုံအား ၁၉၉၇ ခုနှစ်တွင် စုစုပေါင်း အခန်း ၃၆၆ ခန်းဖြင့် ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး စီးပွားရေးနှင့် အပန်းဖြေ ခရီးသွား ဧည့်သည် များအကြိုက် ဟိုတယ်အဖြစ် ရပ်တည်ခဲ့သည်။
ယခု တိုးချဲ့တည်ဆောက်မည့် ဒုတိယပိုင်း အထပ် ၂၉ ထပ်မြင့် ဟိုတယ်တွင် အခန်း ပေါင်း ၄၂၀ ထည့်သွင်းတည်ဆောက် မည်ဖြစ်ကာ လက်ရှိ အခန်းများနှင့် ပေါင်းပါက ၂၀၁၆ ခုနှစ်တွင် အခန်း ၇၈၆ ခန်း အထိရှိသွားမည်ဖြစ်သည်။ ထို့ပြင် ဟိုတယ်တည်ဆောက်ပြီးချိန် တွင် ဆီဒိုးနားဟိုတယ် အဆောက်အအုံ သည် ရန်ကုန်မြို့ရှိ အထပ်မြင့် အဆောက်အအုံများတွင် အပါအဝင် ဖြစ်လာမည် ဖြစ်သည်။
လက်ရှိ ဒုတိယပိုင်းတည်ဆောက် ရေးလုပ်ငန်း ကုန်ကျစရိတ်ကို အမေရိ ကန် ဒေါ်လာသန်း ၈၀ သတ်မှတ်ထား သည်။ ထို့ပြင် ယခင်ဟိုတယ် အဆောက် အအုံကိုလည်း လက်ရှိအနေအထား မပျက် ပြင်ဆင်မှုများအတွက် ဒေါ်လာ ၂၅ သန်း ကုန်ကျမည်ဖြစ်ပြီး ယခုနှစ်မကုန်မီ အပြီးသတ် ပြင်ဆင် မည်ဖြစ်သည်။
ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင်ခရီးသည်အဝင် သုံးသန်းနှင့် ၂၀၂၀ ပြည့်နှစ် တွင် ၇ ဒသမ ၅သန်းအထိ မျှော်မှန်းထားကြေင်း အဆိုပါ အခမ်းအနားတွင် ပြော ကြားသည်။
"ကျွန်တော်တို့ အကြီးစား ခရီးသွား စီမံကိန်းအရ ၂၀၂၀ ပြည့်နှစ်မှာ ခရီးသွား လုပ်ငန်းကနေ ဝင်ငွေ ဒေါ်လာ ၁၀ ဒသမ ၈ ဘီလီလျံအထိ မျှော်မှန်း ထားပါ တယ်။ ကျွန်တော်တို့ရဲ့ ပို့ဆောင် ရေး ပိုမိုကောင်းမွန်ဖို့အတွက် လမ်းတွေ၊ မီးရထားလမ်းတွေကိုလည်း ပြုပြင် တည်ဆောက်ဖို့ ရှိပါတယ်။ဒါ့ပြင် ပဲခူး မြို့မှာလည်း ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ်ကိုလည်း တည် ဆောက်တော့မှာ ဖြစ်ပါတယ်" ဟု ၎င်းက ပြောသည်။
Keppel Land သည် ၁၉၉၃ ခုနှစ် တွင် စတင်ဝင်ရောက်ခဲ့ရာ လက်ရှိ ဆီဒိုနားဟိုတယ် (ရန်ကုန်)နှင့် ဆီဒိုးနား ဟိုတယ် (မန္တလေး)တို့ကို ပိုင်ဆိုင်ထား သည်။ မြန်မာနိုင်ငံရှိ ၎င်း၏ဒုတိယ မြောက်ဟိုတယ်ဖြစ်သည့် ဆီဒိုးနား ဟိုတယ်(မန္တလေး)ကိုလည်း ဒေါ်လာ ခုနစ်သန်း အကုန်အကျ ခံကာ အဆင့်မြင့်ပြင်ဆင်မှုများ ပြုလုပ်သွား မည်ဖြစ်သည်။
Ref : MMTIMES
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ