By Pyi Nyein Thu & Builders Guide, Shweproperty.com
Updated at 27 September 2017
မကြာမီထုတ်ပြန်မည့် စုပေါင်းပိုင် အဆောက်အအုံနည်းဥပဒေ condo law တွင် စီမံကိန်း၏ ၃ဝရာခိုင်နှုန်းပြီးမှ သာ ကြိုပွိုင့်စနစ်ဖြင့် ရောင်းချနိုင်မည်ဆိုုသော အချက်ပါဝင်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးမှ ပြောကြားကြောင်းသိရသည်။
စက်တင်ဘာနောက်ဆုံးပတ်တွင် ထုတ်ပြန်မည့် ယင်းနည်းဥပဒေတွင် အထက်ပါအချက်များ ထည့်သွင်းရေးဆွဲထားခြင်းကြောင့် မူလဥပဒေထက်နည်းဥပဒေသည် ပိုမိုပြည့်စုံကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
အထူးသဖြင့် ကြိုပွိုင့်ရောင်းချခြင်းမှ ရရှိသည့် ငွေများကို ဘဏ်တွင် အပ်နှံထားရမည်ဖြစ်ပြီး ယင်းငွေများကို ဆောက်လုပ်ရေးလုပ်ငန်းအတွက်သာ ပြန်လည် အသုံးပြုရမည်ဖြစ်ကာ ပြင်ပတွင် သုံးစွဲခွင့်မရှိကြောင်း သတ်မှတ်ချက်များပါဝင်လာမည်ဖြစ်ကြောင်းသိရသည်။
ကြိုပွိုင့်အားထိန်းချုပ်လိုသောကြောင့် ကွန်ဒိုဆောက်သော လုပ်ငန်းရှင်များအတွက် ထိုအချက်သည် အခက်အခဲ မရှိပေမဲ့ ရပ်ကွက် တွင် ဆောက်မည့် လုပ်ငန်းငယ်များအတွက် အခက်အခဲရှိနိုင်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦး၏ သုံးသပ်ချက်အရ သိရသည်။
အဆိုပါနည်းဥပဒေသည် မူလက သြဂုတ်လနောက်ဆုံးပတ်တွင် ထုတ်ပြန်ရန် စီစဉ်ထားသော်လည်း ပိုမိုကောင်းမွန်ရန်ပြင်ဆင်နေသောကြောင့် စက်တင်ဘာနောက်ဆုံးပတ်မှသာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် တည်ဆောက်ပြီးစီးနေသော ကွန်ဒိုတိုက်ခန်းအများစုတွင် နိုင်ငံခြားသားများကို ဦးစားပေးရောင်းချနိုင်ရန် ကွန်ဒိုဥပဒေတွင် လိုအပ်နေသော နည်းဥပဒေကိုစက်တင်ဘာ နောက်ဆုံးပတ်တွင် ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။
မြေနှင့် အခန်းကိုပါ နှစ်ခုစလုံး ပူးတွဲ ပိုင်ဆိုင်ခွင့် ရမည့် ကွန်ဒိုဥပဒေကို ၂ဝ၁၅ ဇန်နဝါရီကအတည်ပြု ပြဋ္ဌာန်းသော်လည်း နည်းဥပဒေကို ၂ဝ၁၇စက်တင်ဘာမှ သာ ထုတ်ပြန်နိုင်မည့် အခြေအနေဖြစ်ကြောင်း သိရသည်။
ကွန်ဒိုဥပဒေ၏ နည်းပညာသည် ယခုအချိန်တွင် ရှေ့နေချုပ်ရုံး သို့ရောက်ရှိနေပြီး ဌာနမှ တစ်ဆင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ ပို့ဆောင်မည်ဖြစ်သည်။
ယင်းဥပဒေ၏အရေးပါသည့် အချက်ဖြစ်သော ခြောက်လွှာနှင့် အထက်တွင် စတင်ပြီး နိုင်ငံခြားသားအမည်ပေါက်ဖြင့် ၄ဝ ရာခိုင်နှုန်းဝယ်ယူခွင့်ကို နည်းဥပဒေတွင် ပြင်ဆင်ထားခြင်းမရှိကြောင်းသိရသည်။
သို့သော် နိုင်ငံခြားသားမြေပိုင်ဆိုင်ခွင့် တစ်ပါတည်း ရမည်ဆိုသော်လည်း အဆောက်အအုံ တည်ရှိနေစဉ်အတွင်း သာ ပိုင်ဆိုင်ခွင့် ရှိမည်ဖြစ်ကြောင်း နည်းဥပဒေတွင် ထည့်သွင်းထားကြောင်း သိရသည်။
ရန်ကုန်မြို့တွင် နိုင်ငံခြားသာ ဝယ်ယူသူများကို မျှော်လင့်နေသော ကွန်ဒိုတိုက်ခန်းသောင်းဂဏန်းကျော် ရှိပြီး ကွန်ဒိုဥပဒေ၏အသက်ဖြစ်သော နည်းဥပဒေထွက်ရှိတော့မည် ဆိုခြင်းကြောင်း အရောင်းအဝယ် ပြန်ကောင်း လာနိုင်ကြောင်း ကို သုံးသပ်ချက်များအရ သိရသည်။
ယခုအခါ နိုင်ငံခြားများကို ရောင်းချရန် အခက်အခဲ ဖြစ်နေခြင်းသည် ကွန်ဒို ဥပဒေပါ အချို့အချက်အလက်များ က လက်တွေ့ ကျင့်သုံးရန် ခက်ခဲသဖြင့်
နိုင်ငံခြားသားများ ဝယ်ယူမှုနည်းပါးခြင်း ဖြစ်ကြောင်း တော်ဝင်ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ မှ တပ်မတော်ခန်းမတွင် ပြုလုပ်သော အိမ်ခြံမြေ ဆိုင်ရာ ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်းသိရသည်။
ကွန်ဒိုနည်းဥပဒေ ထွက်ပေါ်လာပါက ဝယ်ယူသူဘက်မှ အကျိုးခံစားခွင့်နှင့် ပိုင်ဆိုင်မှု ပိုမိုကောင်းမွန်လာနိုင်သောကြောင့် လက်ရှိအေးစက်နေသော ဈေးကွက် ကောင်းမွန်လာနိုင်ရန်ဆောက်လုပ်ရေး လုပ်ငန်းရှင်များ မှ မျှော်လင့်နေကြောင်းသိရသည်။
Ref & Photo Credit : Pyi Nyein Thu & buildersguide
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ