By Nwe, Shweproperty.com
Updated at 19 September 2019
ရန်ကုန်မြို့ပတ်ယာဉ်လိုင်းသစ်ဖြစ်တဲ့ SCANIA ယာဉ်အစီး ၂၀ ကိုလာမယ့်စက်တင်ဘာလ ၂၃ ရက်နေ့မှာ စတင်ပြေးဆွဲသွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့စက်တင်ဘာလ ၁၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏပိုင်အဖွဲ့ရဲ့ ပြောကြားချက်အရသိရပါတယ်။
ဒီလ၂၃ ရက်နေ့မှာတော့ ယာဉ်အစီးရေ ၂၀ နဲ့စတင်ပြေးဆွဲမှာဖြစ်ပြီးတော့ ပြေးဆွဲတဲ့အခါမှာလည်ယာဉ်ကြောင်းနှစ်ကြောင်းခွဲပြီး ဘယ်ပတ်၊ ညာပတ်ပြေးဆွဲမှာဖြစ်ပြီး လမ်းကြောင်းအစကိုတော့ အောင်မင်္ဂလာဝေးပြေးကနေစတင်မှာပါ။ ပြည်သူတွေရဲ့လိုအပ်ချက်အရ မြို့ထဲမှာ တစ်ချို့တစ်ဝက်အခြေပြုပြီး ပြန်ထွက်ခွာတဲ့စနစ်ကိုလည်းလေ့လာနေပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်ကပြောပါတယ်။
အဆိုပါရန်ကုန်မြို့ပတ်ယာဉ်ကိုတော့ စီးတီးထရန့်ကုမ္ပဏီကနေ SCANIA ကားအမျိုးအစားများဖြင့်လမ်းကြောင်းနှစ်ပိုင်းခွဲပြီးပြေးဆွဲမှာဖြစ်ပါတယ်၊ ယာဉ်လမ်းကြောင်း ၁ မှာအောင်မင်္ဂလာအဝေးပြေးဝင်းမှစတင်ထွက်ခွာမှာဖြစ်ပြီး အမှတ် ၃ လမ်းမှာကြီးမှ အောင်မင်္ဂလာအဝေးပြေးသို့ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်၊ ယာဉ်လမ်းကြောင်း ၂ မှာတော့ မူလယာဉ်လမ်းကြောင်း ၁ရဲ့မျက်နှာချင်းဆိုင်လမ်းကြောင်းအတိုင်းပြေးဆွဲမှာဖြစ်ပါတယ်၊ ယာဉ်စီးခအနေနဲ့ကတော့ အောင်မင်္ဂလာအဝေးပြေးကနေ၊ သခင်မြပန်းခြံအထိငွေကျပ် ၅၀၀ ကျသင့်မှာဖြစ်ပြီး ခရီးစဉ်အစအဆုးံဆိုရင်တော့ ငွေကျုပ် ၁၀၀၀ ကျသင့်မှာဖြစ်ကြောင်းသိရပါတယ်။
ရန်ကုန်မြို့အတွင်းသွားလာနေကြတဲ့ခရီးသွားပြည်သူအများစုက ခရီးတင်ယာဉ်လိုင်းများကိုသာမှီခိုအားထားသွားလာနေကြပြီး သြဂုတ်လအတွင်း ခရီးသွားပြည်သူ ၁ ဒသမ ၈ သန်းခန့်ကိုနေ့စဉ်ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း YRTA စာရင်းများအရသိရပါတယ်။
Written By : Nwe (ShweProperty.com)
Photo Credit : Dailytravelpill
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ