၂၀၂၀ - ၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း တောင်ကြီးမြို့ကို ဗြိတိန်အစိုးရ၏ ကူညီထောက်ပံ့မှု လန်းချီအစီအစဉ်နှင့် ရှမ်းပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးဦးစီးဌာနတို့ ပူးပေါင်းပြီး Town Plan ရေးဆွဲခြင်း၊ Capacity Building အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကလောမြို့ကို ခရီးသွားလုပ်ငန်းနှင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရေးများကို ဦးတည်ချက်ထားပြီ SAL ဆွီဒင်အဖွဲ့နှင့် ဒေတာအချက်အလက်များ ကောက်ယူခြင်း ၊ Capacity Building အစီအစဉ်နှင့် Town Plan ရေးဆွဲခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။