By Myanmar Estate Agent Journal, Shweproperty.com
Updated at 16 May 2013
အင်းစိန်မြို့နယ် ၁၀မိုင် ပြည်လမ်းဘေးမှ ဆိုင်ခန်းများ အဌားလိုက်လာကြောင်းသိရသည်။ မြေကွက် ပိုင်ရှင်ခြံရှင်တွေက အဆောက်အအုံတွေ သေချာပြန်ဆောက်ကြသည်။ တချို့ဆိုလျှင် အိမ်တွေကို ဟောလ်ပုံစံပြန်လုပ်ပြီး ဆိုင်ခန်းဌားနေကြသည်။ ၁၀ မိုင်ပြည်လမ်းဘေးနေရာတော်တော်များများမှာ အထပ်မြင့်အဆောက်အအုံတွေ များလာသလို စီးပွားရေးလုပ်ငန်းလုပ်ကိုင် သူတွေအတွက် အဆင်ပြေနေသဖြင့် ဆိုင်ခန်းအဌားတွေလည်း လိုက်နေသည်။ ဆိုင်ခန်းများမှာ ဆိုင်ကြီးတွေဖြစ်ပြီး ကျောက်ပြား၊ အထပ်သား၊ အိမ်ဆောက်ပစ္စည်းဆိုင်ကြီးတွေ ဖွင့်ရန်ဌားရမ်းမှုများနေကြောင်းသိရသည်။
ဈေးနှုန်းမှာလည်း ကျပ် ၁၀ သိန်းကျော်အထက်မှာ ရှိနေသည်။ စော်ဘွားကြီးကုန်းဝန်းထဲမှ ဆိုင်ရှင်တော်တော်များများမှာ အပြင်လမ်းမတန်းဘက်ကို ထွက်လာကြသဖြင့် ဌားရမ်းသူများလာတာ ဈေးနှုန်းမြင့်တက်လာခဲ့ခြင်းဖြစ်သည်။
လက်ရှိ ၄၅ ပေ x ၂၀ပေကို တစ်လ ဌားရမ်းခ ကျပ် ၁၃ သိန်းဝန်းကျင်ရှိပြီး အနိမ့်ဆုံးဈေးနှုန်း ၁၀သိန်းဝန်းကျော်မှ အမြင့်ဆုံးဈေးနှုန်း ၇၅ သိန်းအထိ ရှိနေသည်။
ယခုလက်ရှိအဌားလိုက်နေသောနေရာများမှာ အချက်အချာလေဆိပ်၊ ဈေး၊ စော်ဘွားကြီးကုန်း ပွဲရုံများနှင့်နီးသောနေရာများ ဖြစ်ကြောင်းသိရသည်။
Ref : Myanmar Estate Agent Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ