By myanmarnewsweek, Shweproperty.com
Updated at 13 March 2013
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦး၏ပြောပြချက်အရ ယခုနှစ် နှစ်ကုန်ပိုင်းတွင် ရွှေဂုံတိုင်နှင့်ဘုရင့်နောင်တံတားများကို အပြီးသတ်တည်ဆောက်ရန်ညွှန်ကြား ထားကြောင်းသိရသည်။
“အခုလို ၂၀၁၃ ခုုနှစ်မှာ အပြီးသတ်တည်ဆောက်ဖို့ညွှန်ကြားထားတာက ယာဉ်ကြောပိတ်ဆို့မှု တွေအရမ်းများနေပြီး အဓိကခြောက်လမ်း သွားလမ်းဆုံတွေ ဖြစ်တဲ့ကမ္ဘာအေးဘုရားလမ်းနဲ့ဘုရင့်နောင်လမ်းတွေမှာခုံးကျော်တံတားတွေတည်ဆောက်နေလို့ ယဉ်ကြော ပိတ်ဆို့မှုတွေအရင်ကထက် ဆိုးရွားနေလို့ပါ”ဟု ၎င်းကဆက်လက်ပြောကြားသည်။
ရွှေဂုံတိုင်ခုံးကျော်တံတားကို ၂၀၁၂ ခုနှစ်၊ဒီဇင်ဘာလ ၁၂ ရက်ကန္နက်တင်ခဲ့ပြီး စတင်တည်ဆောက်ခဲ့ ကြောင်းသိရသည်။
အထက်ပါစီမံကိန်းများတွင် အစောဆုံးဖြစ်သည့်လှည်းတန်းခုံးကျော်တံတားကို၂၀၁၂ ခုနှစ်၊ဖေဖော်ဝါရီလက စတင်တည်ဆောက်ခဲ့ပြီး လက်ရှိတွင်(၈၅)ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ရာ ၂၀၁၃ခုနှစ် ဧပြီလတွင် အပြီးတည်ဆောက်မည်ဟု ဆိုပါတံတားအား တာဝန်ယူ တည်ဆောက်နေသည့် ရွှေတောင်ကုမ္ပဏီမှ ထုတ်ပြန်ထားသည်။
ရွှေဂုံတိုင်ခုံးကျော်တံတားကို Capital Development ကုမ္ပဏီနှင့် ဘုရင့်နောင်ခုံး ကျော်တံတားကို FMIကုမ္ပဏီ တို့မှ တာဝန်ယူတည်ဆောက်နေခြ င်းဖြစ်ကြောင်း နှင့် ဘုရင့်နောင်ခုံးကျော်တံတားတည်ဆောက်မှုစီမံကိန်းမှာ ၃၀ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
Ref:myanmarnewsweek Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ