By Democracy Today, Shweproperty.com
Updated at 19 August 2017
ကရင်ပြည်နယ် အစိုးရ၏ လမ်းညွှန်မှုဖြင့် တည်ဆောက်ပြီးစီးသွားသော ဘားအံမြို့၏ အဆင့်မြင့်အိမ်ရာ စီမံကိန်းဖြစ်သည့် ရွှေဖားစည်အိမ်ရာ အိမ်ခန်းအပ်နှံခြင်း အခမ်းအနားကို သြဂုတ် ၁၇ ရက် နံနက် ၈ နာရီတွင်အဆိုပါ အိမ်ရာတည်ရှိသော ဘားအံမြို့အမှတ် (၉) ရပ်ကွက် ကားကြီးဝင်းအနီးတွင်း ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်စီမံကိန်း ၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရွှေဖားစည် အဆင့်မြင့်အိမ်ရာစီမံကိန်းမှ Managing Director ဦးထွန်းအောင်ရွှေမှ အိမ်ရာစီမံကိန်းနှင့် ပက်သက်သည့် အချက်အလက်များကို ရှင်းလင်းပြောကြားကာ အိမ်ခန်းဝယ်ယူအားပေးကြသောသူများအား သော့အပ်နှံကာ လေးခန်းတွဲ လေးထပ်တိုက် တစ်လုံးနှင့် အဲကွန်း၊ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက်နှင့် မီးပူ လေးမျိုးတစ်စုံ စုစုပေါင်းလေးစုံကို ကံစမ်းမဲဖွင့်လှစ်၍ ကံထူးသူအိမ်ခန်းပိုင်ရှင်များအား တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အိမ်ရာကို UHM Development Co.,Ltd ကရင်းနှီးမြှုပ်နှံ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လေးခန်းတွဲ လေးထပ်အိမ်ရာတွင် အိမ်ခန်းပေါင်း ၆၄ ခန်းပါဝင်ကာ ယခုအခါ အဆိုပါအိမ်ခန်းများအားလုံးကို ကုမ္ပဏီမှ နိုင့်ငံဝန်းထမ်းများနှင့် ပြည်သူများသို့ အတိုးမဲ့အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲပြီးဖြစ်သည်။
ဆက်လက်၍ ရွှေဖားစည်အိမ်ရာ အဆင့် (၂) စီမံကိန်းကို ဘားအံမြို့ အမှတ် (၅) ရပ်ကွက် အထက (၃) ကျောင်းအနောက်ဘက်တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူများနှင့် နိုင်ငံဝန်ထမ်းများတွက် နှစ်ရှည်အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ တာဝန်ရှိသူများထံမှ သိရသည်။
Ref & Photo Credit : Democracy Today
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ