By Moe Thae', Shweproperty.com
Updated at 28 June 2017
ရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရှိ စက်မှု(၆)လမ်းနှင့် ချယ်ရီလမ်း ထောင့်တွင် တန်ဖိုးနည်းဝန်ထမ်းအိမ် ရာ တိုက်နှစ်လုံးကို ၂ဝ၁၅ ခုနှစ် နိုဝင်ဘာ ၁ဝ ရက်မှစ၍ ဆောက်လုပ် ခဲ့ရာ တစ်လွှာလျှင် ၁၈ပေx ၁၈ပေx ၉ပေ ရှိ အခန်းပေါင်း ၁၂ ခန်းပါ ငါးလွှာတိုက်နှစ်လုံး အခန်းပေါင်း ၁၂ဝ ခန်း ဆောက်လုပ်ပြီးစီးကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများကို ရွှေပြည်သာစက်မှုဇုန် (၁) အတွင်းရှိ ပိုင်ရှင်နှင့် ဝန်ထမ်းလုပ်သားများ သက်သောင့်သက်သာနေထိုင်နိုင်ရေး၊ အချိန်တိုအတွင်း စက်ရုံ၊ အလုပ်ရုံများ သို့ သွားရောက်အလုပ်လုပ်ကိုင်နိုင် ပြီး ကုန်ထုတ် စွမ်းအား ပိုမိုအသုံးပြုနိုင် ရေးအတွက် တန်ဖိုးနည်းဝန်ထမ်း အိမ်ရာများကို အရစ်ကျငွေပေးချေ စနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ဝန်ထမ်း လုပ်သားများ ၇ဝဝ ခန့် နေထိုင်နိုင် မည်ဖြစ်သည်။
ပထမထပ် တစ်ခန်းလျှင် ကျပ်သိန်း ၁၂ဝ သိန်း၊ ဒုတိယထပ် တစ်ခန်းလျှင် ၁၁ဝ၊ တတိယထပ် တစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ သိန်း၊ စတုတ္ထထပ် တစ်ခန်းလျှင် ကျပ်သိန်း ၉ဝ၊ ပဉ္စမထပ် တစ်ခန်းလျှင် ကျပ်သိန်း ၈ဝ ဖြင့် အရစ် ကျ ဝယ်ယူနေထိုင်နေပြီဖြစ်သည်။
အခန်းတိုင်းတွင် ရေချိုးခန်း၊ အိမ်သာပါရှိပြီး ရေမော်တာတစ်လုံး စီနှင့် လျှပ်စစ်အိမ်သုံးမီတာတစ်လုံးစီ တပ်ဆင်ပေးထားသည်။ တိုက်ခန်းများ တွင် နေထိုင်ကြသော တိုက်ခန်းပိုင်ရှင်ဝန်ထမ်းများအထဲမှ စိတ်ပါဝင်စား သူများကို အများသဘောဖြင့် သာယာ ရေးကော်မတီ ဖွဲ့စည်းထားပြီး လုံခြုံရေးဝန်ထမ်း ခန့်ထားခြင်း၊ စွန့်ပစ် အမှိုက်များကိုလည်း တိုက်ခန်းနေ ဝန်ထမ်းလုပ်သား များအား အနံ့ဆိုး ဖြင့် စိတ်အနှောင့်အယှက် မဖြစ်ရ အောင် မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနနှင့်ပူးပေါင်းပြီး သတ်မှတ် အမှိုက်ပုံးများ စီစဉ်ဆောင်ရွက် ထားပြီး တစ်ပတ်လျှင် (တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ) သုံးရက်အမှိုက် သိမ်းယာဉ်ဖြင့် သိမ်းဆည်းဆောင်ရွက် လျက်ရှိသည်။
တိုက်ခန်းတွင် နေထိုင်ကြသည့် ဝန်ထမ်းလုပ်သားများသွားလာသည့် အခါ အဆင်ပြေချောမွေ့စေရန် မိုးတွင်းကာလလမ်းများအပေါ် ရေလျှံ မှုများ မရှိစေရေး ကွန်ကရစ်ထပ်ပိုး လွှာခင်းခြင်း၊ ရေစီးရေလာကောင်းမွန် စေရေး ကွန်ကရစ်အုတ်ရေမြောင်း များကိုလည်း Comsic Crown Co.,Ltd. က တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Ref & Photo Credit : MOI Webportal
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ