By The Voice, Shweproperty.com
Updated at 23 March 2017
ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Shwe Taung Development ကုမ္ပဏီနှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး အဆင့်မြင့် အိမ်ရာစီမံကိန်းများကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။
အဆိုပါ အိမ်ရာချေးငွေကို ၁၅ နှစ်အထိ အရစ်ကျ ငွေပေးချေနိုင်မည်ဖြစ်ပြီး ယင်းဝန်ဆောင်မှုသည် ပုဂ္ဂလိက ကဏ္ဍအနေနှင့် ပထမဦးဆုံး နှစ်ရှည်အိမ်ရာ ချေးငွေ ဝန်ဆောင်မှုဖြစ်ကြောင်း ရွှေတောင် ကုမ္ပဏီထံမှ သိရသည်။
“ဒီအိမ်ရာချေးငွေ (Mortgage Loan) စနစ်နဲ့ ကျွန်မတို့ရွှေတောင်က ဆောက်လုပ်ထားတဲ့ အိမ်ရာတွေကို ဝယ်ယူနိုင်မှာပါ”ဟု Shwe Taung Real Estate ၏ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်မိမိခိုင်က ပြောကြားသည်။
လတ်တလောတွင် ယင်းချေးငွေ စနစ်ဖြင့် ရန်ကုန်မြို့တော်တွင် ရွှေတောင် ကုမ္ပဏီက ဆောက်လုပ်ထားသော Hilltop Vista Condominium နှင့် Crystal Residences ရှိ အဆင့်မြင့် ကွန်ဒိုအိမ်ခန်းများကို ကနဦး ပေးသွင်းငွေ ၄၀ ရာခိုင်နှုန်း ပေးသွင်းကာ ၁၅ နှစ် အရစ်ကျ ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ရွှေတောင်ကုမ္ပဏီထံမှ သိရသည်။
ပုဂ္ဂလိက ကဏ္ဍအနေနှင့် ပထမဦးဆုံး နှစ်ရှည် ၁၅ နှစ် အိမ်ရာချေးငွေဖြင့် လူနေအိမ်ခန်းများ ရောင်းချနိုင်ရန်အတွက် Shwe Taung Development နှင့် ဧရာဝတီဘဏ်တို့အကြား ပူးပေါင်း ဆောင်ရွက်ရန် သဘောတူ လက်မှတ်ရေးထိုးထားကြောင်း အဆိုပါ ကုမ္ပဏီများထံမှ သိရသည်။
Ref : The Voice
Photo Credit : AYA Bank FB
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ