By Golden Hexagon, Shweproperty.com
Updated at 23 September 2012
ကျူးကျော်နေထိုင်သူများ ကိုယ်ပိုင် အိမ်ရရှီနိုင်ရန်ရည်ရွယ်၍ ဆောက်လုပ်မည့် ရွှေမြို့တော်စီမံကိန်း ကို လှိုင်သာယာမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်သွားမည် ဖြစ်ကြောင်း ယင်းစီမံကိန်းဖြစ်မြောက်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦးကပြောကြားသည်။ ၎င်းစီမံကိန်းကို ပေ ၂၀ x ပေ ၅၀ မြေကွက်လပ်များပေါ်တွင်တည်ဆောက်၍ အိမ်အကျယ်အဝန်းမှာ ၁၅ ပေ x ပေ ၂၀ ခန့် ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး လာမည့်အောက်တိုဘာလအတွင်း စတင်အကောင်အထည်ဖော်သွားမည်ဟု ၎င်းကဆိုသည်။ "စီမံကိန်းစတင်ပြီး ၆ လအတွင်း အိမ် ၁၀ လုံးပြီးအောင်ဆောက်မယ်။ အဲဒီအိမ် ၁၀ လုံးကို မဲစနစ်နဲ့ အရစ်ကျ ရောင်းချပေးမယ်။ နေထိုင်သူတွေအတွက် နေရေး၊ ထိုင်ရေး၊ သွားလားရေး အဆင်ပြေစေဖို့ လမ်းတွေ ကားဂိတ်တွေပါ ဆောင်ရွက်ပေးမယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။ အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် နေထိုင်လိုသူများသည် စီမံကိန်းစတင်သည့်ကာလအတွင်း တစ်လလျှင် ကျပ် သုံးသောင်းနှုန်း ထည့်ဝင်ရမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက တစ်လ လျှင် ကျပ် တစ်သောင်းသာ ဆက်လက်ပေးသွင်းရမည်ဟု ဆိုသည်။ ချို့တဲ့သူများ နေအိမ်ပိုင်ဆိုင်နိုင်ရန်ဆောင်ရွက်သည့် ၎င်းစီမံကိန်းကို သက်ဆိုင်ရာမှ ခွင့်ပြုချက်ရထားပြီး နေထိုင်သူများအတွက် စီးပွားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် မွေးမြူရေး လုပ်ငန်းတစ်ချို့လည်းပါဝင်မည်ဟုဆိုသည်။ Source : Golden Hexagon
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ