By Kumudra, Shweproperty.com
Updated at 8 August 2017
လှိုင်သာယာမြို့နယ် ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ဆောက်လုပ်ထားတဲ့ တန်ဖိုးနည်အိမ်ရာတွေကို သည်လမှာ စတင်ရောင်းချပေး သွားမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ဘဏ်နဲ့ချိန်ဆက်ဝယ်ယူနိုင်တယ်လို့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက သိရပါတယ်။
လှိုင်သာယာမြို့နယ်အတွင်း တည်ဆောက်ထားတဲ့ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာစီမံကန်း အပိုင်း (၂) ၊ အပိုင်း (၃) ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ တည်ေ ဆာက်ထားတဲ့ ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁) ၊ အပိုင်း (၂) နဲ့ ကနောင်တန်ဖိုးနည်းအိမ်ရာတွေကို ယခုလမှာ ရောင်းချပေးသွားမှာဖြစ်တယ် လို့ သိရပါတယ် ။
‘တန်ဖိုးနည်းအိမ်ရာဝယ်ယူလိုတဲ့ ပြည်သူတွေအနေနဲ့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ တိုက်ခန်းတစ်ခန်းရဲ့တန်ဖိုးကို ၃၀ ရာခိုင်နှုန်း ငွေ စုထားပြီး ပြည့်မီတဲ့သူတွေအနေနဲ့ တိုက်ခန်းဝယ်ယူခွင့်ရရှိမှာဖြစ်ပါတယ် ၊ ကျန်ငွေတွေကိုတော့ နှစ်ရှည်အရစ်ကျစနစ်နဲ့ ပေးသွင်းရမှာပါ ၊ တန်ဖိုးနည်း အိမ်ရာတွေကို ကျပ်သိန်း ၁၀၀ ဝန်းကျင်သတ်မှတ်ထားပါတယ်’ လို့ မြို့ပြနှ င့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
တန်ဖိုးနည်းအိမ်ရာတိုက်ခန်းတွေကို အရစ်ကျစနစ်နဲ့ ဝယ်ယူတဲ့အခါ ဘဏ်ေ ချးငွေအတိုးနှုန်းက လက်ရှိမှာ ၁၃ ရာခိုင်နှုန်းဖြင့် ဝယ်ယူနေရတာက အတိုးနှု န်းများနေပြီး ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတိုးလောက်သာ ထားရှိသ င့်တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ် ။
တန်ဖိုးနည်းအိမ်ရာအရစ်ကျ အတိုးနှုန်းကို သင့်တော်တဲ့ အတိုးနှုန်းနဲ့ ပြ ဌာန်းပေးဖို့ လိုအပ်နေတယ်လို့လည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦး က ပြောပါတယ် ။
‘သင့်တော်တဲ့အတိုးနှုန်းနဲ့ အိမ်ရာချေးငွေနှုန်းထားတွေကို အစိုးရအနေနဲ့ အမြန်ဆုံး သတ်မှတ်ပြဌာန်းသင့်ပါတယ် ၊ ဘဏ်တွေအနေနဲ့ က နှစ်ရှည်ေ ချးငွေတွေကို အပြိုင်အဆိုင်ဆောင်ရွက်ပေမဲ့ အတိုးနှုန်းက မြင့်မားေ နဆဲရှိနေသေးပါတယ်’ လို့ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
Ref : The Kumudra
Photo Credit : MOI Webportal
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ