By စိုးမိုး, Shweproperty.com
Updated at 22 October 2013
ရန်ကုန်တိုင်း ဒေသကြီး လှိုင်သာယာ မြို့နယ် အတွင်း၌ တည်ဆောက်လျက် ရှိသည့် ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာ စီမံကိန်း ပြီးစီးပါက အခန်းတစ်ခန်းလျှင် ငွေကျပ် ၁၀၀ ဝန်းကျင်ဖြင့် ရောင်းရန် စီစဉ်ထားကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွင့်ဖြိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အိမ်ရာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုသည် ရန်ကုန်မြို့တွင်း၌ လူဦးရေး သိပ်သည်းမှုများအတွက် ဖြေရှင်းရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ တန်းဖိုးနည်း အိမ်ရာများ အများအပြား လုပ်ဆောင်ရန် ရှိသော်လည်း အခြေအနေများ အရ တဖြည်းဖြည်း ချင်းသာ လုပ်ဆောင် နေရကြောင်း၊ ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာအတွက် အထက်ပါ ဈေးနှုန်းသည် လက်ရှိစီစဉ်နေသော ဈေးနှုန်းသာ ဖြစ်ကြောင်း သိရသည်။
''အရမ်းကြီးမြင့်တဲ့ အထပ်မြင့်တွေ ဆောက်လုပ်မှာ မဟုတ်ပါဘူး။ အခုဆောက်လုပ်တာ လေးထပ်ဆိုတော့ သင့်ပါတယ်။ တစ်ချို့ အိမ်ရာတွေက ဆောက်လက်စ တွေနဲ့ အဟောင်း တွေလည်း ရှိတယ်။ အဆင့်မြင့်တင်ပြီး တိုးချဲ့ရတာတွေလည်း ရှိတယ်ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ သာယာမြို့နယ် အတွင်း တည်ဆောက် လျက်ရှိသည့် တန်ဖိုးနည်း အိမ်ရာများကို IGEC ဆောက်လုပ်ရေး ကုမ္ပဏီ၊ ATY ဆောက်လုပ်ရေး ကုမ္ပဏီနှင့် KMM IGEC ဆောက်လုပ်ရေး ကုမ္ပဏီတို့က တည်ဆောက်လျက် ရှိကြောင်း သိရသည်။
ရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာကို လှိုင်သာယာမြို့နယ် ရွှေလင်ပန်းရွာ အဟောင်းနေရာတွင် တည်ဆောက်လျက် ရှိပြီး လေးထပ် အမြင့်ရှိ ခြောက်ခန်းတွဲ အဆောက်အအုံ ၃၂ လုံးပါ ဝင်ကြောင်း၊ ယင်းစီမံကိန်းကို ၂ဝ၁၃ ခုနှစ် ဇွန် ၂၃ ရက်မှ စတင် တည်ဆောက်ခဲ့ပြီး ၂ဝ၁၄ ခုနှစ် ဇန်နဝါရီလတွင် အပြီးသတ် တည်ဆောက်သွားရန် စီစဉ်ထား ရှိကြောင်းနှင့် လက်ရှိတွင် တန်ဖိုးနည်း အိမ်ရာစီမံကိန်း ၁၁ ခု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
Ref : မြဝတီ
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ