By Le' Moe, Shweproperty.com
Updated at 14 September 2015
မြို့ပြနဲ့အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်နေတဲ့ အိမ်ရာစီမံကိန်းတွေရဲ့ လက်ရှိတည်ဆောက်မှု အခြေအနေကို ဖော်ပြလိုက်ပါတယ်။
ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာ
စီမံကိန်းက လက်ရှိမှာ အပိုင်း (၂) နဲ့ (၃) တည်ဆောက်နေပြီး ဒီဇင်ဘာလလောက်မှာ အပြီးတည်ဆောက်ဖို့ ကြိုးစာနေတယ်လို့ သိရပါတယ်။ ရွှေလင်ပန်း အပိုင်း (၂)မှာ ရှစ်ခန်းတွဲ လေးထပ် (၁၄) လုံး နဲ့ လေးခန်းတွဲ လေးထပ်သုံးလုံး တည်ဆောက်မှာ ဖြစ်ပြီး အခန်းပေါင်း (၄၉၆) ခန်းထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
အပိုင်း (၃)မှာတော့ ခြောက်ခန်းတွဲ လေးထပ် (၂၁) လုံး တည်ဆောက်မှာဖြစ်ပြီး အခန်းပေါင်း (၅၀၄) ခန်း ထွက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
သည်အိမ်ရာစီမံကိန်းကို လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်နားမှာ တည်ဆောက်နေတာ ဖြစ်ပါတယ်။
မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ
သည်အိမ်ရာစီမံကိန်းရဲ့ လက်ရှိတည်ဆောက် ပြီးစီးမှုအခြေအနေက အပိုင်း (၁) ကို ၁၀.၂၈ ဧကရှိ မြေဧရိယာမှာ တည်ဆောက်မှာ ဖြစ်ပြီး လေးခန်းတွဲလေးထပ် (၂၇)လုံး တည်ဆောက်မှာ ဖြစ်ပါတယ်။
အပိုင်း (၂) ကိုတော့ ၈.၂၁ ဧကရှိတဲ့ စီမံကိန်းမြေဧရိယာမှာ တည်ဆောက်မှာဖြစ်ပြီး တည်ဆောက်မှုကတော့ အခုမှ စတင်တာ ဖြစ်တယ်လို့ သိရပါတယ်။
၎င်းအိမ်ရာစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်းပြီး အရစ်ကျစနစ်နဲ့ ဒါမှမဟုတ် လက်ငင်းငွေချေစနစ်နဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
Credit : Le' Moe ( Shweproperty.com မှ ထုတ်နှုတ်ရေးသားဖော်ပြသည်)
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ