By ဝိုင်းနန္ဒီ, Shweproperty.com
Updated at 17 March 2020
အိမ်ခြံမြေဝယ်ယူတဲ့နေရာမှာ အရှုပ်အရှင်းကင်းဖို့နဲ့ စိတ်ချယုံကြည်ရဖို့ အတွက် Buyer Registry Service ကို Shwe Property ကနေ စတင်မိတ်ဆက်လိုက်ပြီလို့ မတ်လ(၁၇)ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
ပထမဦးဆုံးအနေနဲ့ အိမ်ခန်းဝယ်ယူတဲ့သူဟာ မိမိဝယ်ယူမယ့်အခန်းကို Shwe Property မှာ Booking ငွေ ပေးသွင်းပြီးနောက် Booking ID နှင့် Buyer ID ကို Shwe Property မှ သတ်မှတ်ပေးမှာဖြစ်ကြောင်း၊ Shwe Property Website မှာ လွှင့်တင်ထားတဲ့ Booking ကဏ္ဍထဲမှာ မိမိတို့ဝယ်ယူလိုက်တဲ့ အိမ်ခန်းနဲ့ ပတ်သက်ပြီး အချက်အလက်အစုံအလင်ကို တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Shwe Property အနေနဲ့ ဈေးကွက်ထဲမှာ အိမ်ခြံမြေနဲ့ ပတ်သက်တဲ့ အရှုပ်အရှင်းကိစ္စတွေနဲ့ အရောင်းအဝယ်ကိစ္စ တွေမှာ ပွင့်လင်းမှုမရှိတာမျိုးတွေ မကြုံတွေ့ရစေဖို့နဲ့ ကာကွယ်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
Buyer Registry ရဲ့ ရည်ရွယ်ချက်ကတော့ ဝယ်ယူတဲ့သူတွေကို ကာကွယ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဓိကအချက်ကတော့ ကိုယ်တကယ် ဝယ်ဖို့ ဆုံးဖြတ်တဲ့ အိမ်ခြံမြေ တကယ် ဟုတ် - မဟုတ်၊ ကိုယ်ပေးချေလိုက်တဲ့ ငွေကလည်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ Shwe Property ရဲ့ ငွေလက်ခံဌာနကို ရောက်မရောက်ပေါ့။ ဒါတွေကို စစ်ဆေးဖို့ ဖြစ်ပါတယ်။ ” လို့ ShweProperty.com တည်ထောင်သူနှင့် ဒါရိုက်တာ ဦးကောင်းသူဝင်းက ပြောပါတယ်။
Buyer Registry System ထဲမှာဆိုရင် အိမ်ရာချေးငွေအတွက် ပြင်ဆင်ရမယ့်စာရွက်စာတမ်းပုံစံတွေ၊ ဘဏ်ကို ပေးသွင်းရမယ့် အချက်အလက်အစုံအလင်နဲ့ Payment Plan ပေးသွင်းရမယ့် အချိန်ကာလSchedule ကို အသေးစိတ်ကို ဖော်ပြပေးထားတယ်လို့ ၎င်းက ဆိုပါတယ်။
Buyer Registry Service ရှိခြင်းရဲ့ အကျိုးကျေးဇူးကတော့ အိမ်ရာဝယ်ယူသူတွေအနေနဲ့ ယုံကြည်မှုရှိရှိနဲ့ ဈေးနှုန်း မှန်ကန်စွာ ဝယ်ယူနိုင်မယ့် အချက်ပဲ ဖြစ်တယ်လို့ သိရပါတယ်။
Written By : ဝိုင်းနန္ဒီ (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ