By မဟာ (ShweProperty.com), Shweproperty.com
Updated at 14 September 2020
မြန်မာနိုင်ငံ၏ ထိပ်တန်းအိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက်ဖြစ်သော ShweProperty.com မှကြီးမှုးကျင်းပသည့် ဒုတိယအကြိမ်မြောက် အွန်လိုင်းအိမ်ခြံမြေအရောင်း ပြပွဲကြီးကို စက်တင်ဘာ ၁၁ရက်နေ့မှ၁၃ရက်နေ့အထိကျင်းပခဲ့ရာ အိမ်ခြံမြေဝယ်ယူရန်စိတ်ဝင်စားသူ ထောင်ပေါင်းများစွာဝင်ရောက်ကြည့်ရှုခဲ့ကြပြီး အခန်းပေါင်း ၃၀ကျော်ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါအရောင်းပြပွဲကြီးကို Covid-19 ကာလအတွင်း အိမ်ခြံမြေဝယ်ယူသူများအပြင်ထွက်စရာမလိုပဲအဆင်ပြေပြေဝယ်ယူနိုင်စေရန်နှင့် အိမ်ခြံမြေဈေးကွက် ဆက်လက်လည်ပတ်တိုးတက်စေရန်ရည်ရွယ်ပြီးကျင်းပခဲ့ခြင်းဖြစ်ပြီး ဆက်သွယ်ရေးနည်းပညာအသစ်များကိုထည့်သွင်းပေါင်းစပ်ဖန်တီးထားကြောင်းသိရသည်။
အရောင်းပြပွဲကြီးတွင် တောင်ဉက္ကလာမြို့နယ်မှတိုက်ခန်းကိုဝယ်ယူအားပေးခဲ့သည့် မသီတာက "Shwe ကအခုလိုအွန်လိုင်းအိမ်ရာအရောင်းပြပွဲလုပ်ပေးတော့ တော်တော်လေးအဆင်ပြေတယ်၊ ညီမတို့အိမ်ဝယ်ဖို့ကြည့်နေရင်း Covid ကဖြစ်လာတော့ အိမ်လိုက်ကြည့်ဖိုတောင်ခက်သွားတာ၊ အခု ShweProperty ပွဲမှာက ဈေးလဲသက်သာတယ်၊ အရောင်းဝန်ထမ်းတွေကလည်း Video Call နဲ့ပြပေးတယ် အိမ်ကို၊ ၃၆၀ ဗွီဒီယိုလည်းပြပေးတယ်၊လက်ဆောင်တွေလည်းရတော့ ဝယ်ဖြစ်သွားတာ ShweProperty ကိုကျေးဇူးတင်ပါတယ်" ဟုသူမ၏ အတွေ့အကြုံကိုဝေမျှသွားသည်။
www.shweproperty.com မှတစ်ဆင့်ဝင်ရောက်ရသည့် အွန်လိုင်းအိမ်ရာအရောင်းပြပွဲကြီးတွင် အရောင်းဝန်ထမ်းနှင့်တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်သည့် Live Chat နည်းပညာ၊ မိမိစိတ်ဝင်စားသည့် အိမ်ရာကို ၃၆၀ ပတ်ပတ်လည်ကြည့်ရှု့နိုင်သည့် Virtual Tour နည်းပညာ၊ တိုက်ရိုက်အိမ်ရာချေးငွေလျောက်ထားနိုင်သည့်အစီအစဉ်၊ အထူးလျှော့ဈေးအစီအစဉ်များ၊ ဗလမပါကံစမ်းမဲအစီအစဉ်များကိုလည်းထည့်သွင်းစီစဉ်ခဲ့ကြောင်းသိရသည်။
အရောင်းပြပွဲကြီးတွင် မြန်မာနိုင်ငံ၏ထိပ်တန်းအိမ်ခြံမြေကုမ္ပဏီကြီးများစွာပါဝင်ခဲ့ပြီး ရန်ကုန်မြို့နယ်စုံမှ တိုက်ခန်းပေါင်း ၁၀၀၀ကျော်ကိုလည်း ပြသပေးခဲ့သည်။
“အွန်လိုင်းအိမ်ရာအရောင်းပြပွဲတွေကို မြန်မာနိုင်ငံမှာ ShweProperty.com ကစတင်ကျင်းပခဲ့တာဖြစ်ပြီး အခုတစ်ကြိမ်ကတော့ ပထမတစ်ခါထက်ပိုပြီးအောင်မြင်တယ်လို့ပြောလို့ရပါတယ်။
ပြည်တွင်းရောပြည်ပရော ဝင်ရောက်ကြည့်ရှုသူပေါင်း ၅သောင်းကျော်ရှိခဲ့ပြီး ၃ရက်အတွင်းမှာအခန်း ၃၀ကျော်ရောင်းခဲ့ရပါတယ်။ ကျွန်တော်တို့ ShweProperty .com အနေနဲ့တော့အများပြည်သူကို အမြဲပေးနေတဲ့ဝန်ဆောင်မှုတွေကို ပုံစံအသစ်နဲ့ပေးအပ်တဲ့ခြေလှမ်းတစ်ခုအဖြစ် ဒီ အွန်လိုင်းအိမ်ရာအရောင်းပြပွဲတွေကိုကျင်းပတာဖြစ်ပါတယ်။ShweProperty ရဲ့ရည်ရွယ်ချက်ကိုက အများပြည်သူအဆင်ပြေပြေနဲ့ အိမ်ဝယ်ယူနိုင်ဖို့ လုံခြုံစိတ်ချစွာ အိမ်ဝယ်ယူနိုင်ဖို့ အဓိကဝန်ဆောင်မှုဖို့ပဲဖြစ်ပါတယ်။လက်ရှိမှာအိမ်ရာတွေကိုဝယ်ယူမှုက ထင်ထားတာထက်ပိုပြီးသွက်လက်နေပါတယ်။ လစဉ်ရောင်းအားလည်းတက်လာတာတွေ့ရပါတယ်။ဒါကလည်း ဘဏ်တွေကအိမ်ရာချေးငွေအတိုးနှုန်းတွေ လျော့ချပေးတာကြောင့် လူတိုင်းနီးပါး အိမ်ဝယ်ယူနိုင်လာကြတာလည်းဖြစ်ပါတယ်။
အိမ်ငှားခလောက်လစဉ် ပေးသွင်းရုံနဲ့အိမ်ပိုင်ဆိုင်နိုင်ကြတာလည်းဖြစ်ပါတယ်။အွန်လိုင်းကနေ ဝယ်ယူရမှာဖြစ်တဲ့အတွက် အားသာချက်တွေရှိပါတယ်။ဘယ်နိုင်ငံကို ရောက်နေပါစေ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အိမ်ရာပရောဂျက်တွေကို ကြည့်ရှူ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ကြည့်ရှူ့တဲ့ အခါမှာလည်း ဆုံးဖြတ်ချက်တွေလွယ်ကူအောင် တကယ့် selling point တွေဖြစ်တဲ့ map တွေ / location တွေ / 360 ဒီဂရီ ဓါတ်ပုံတွေကိုကြည့်ရှူ့ဝယ်ယူနိုင်မှာဖြစ်ပါတယ်။"ဟု အရောင်းပြပွဲကြီးနှင့်ပတ်သက်ပြီး ShweProperty.com ၏ Founder နှင့် Director ဦးကောင်းသူဝင်းကရှင်းလင်းပြောကြားခဲ့သည်။
အွန်လိုင်းအိမ်ခြံမြေအရောင်းပြပွဲကြီးများကို ShweProperty မှ လစဉ်ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
Written By: မဟာ (ShweProperty.com)
Posted By: Ra Wai (ShweProperty,com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ