By Wut Yee Htun (Shwe Property), Shweproperty.com
Updated at 3 January 2018
(၂၀၁၈) နှစ်သစ် ပွဲဦးထွက်အနေနဲ့ Shwe Property က တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲတစ်ခုကို ထပ်မံကျင်းပ သွားဖို့ စီစဉ်ထားပါတယ်။ ဇန်နဝါရီလလယ်ပိုင်းမှာ ကျင်းပမယ့် အဆိုပါအိမ်ရာအရောင်းပြပွဲဟာဆိုရင် (၅) ကြိမ် မြောက်ကျင်းပမယ့် တန်ဖိုးသင့်အိမ်တွေစုစည်းပြီး ပြသရောင်းချမယ့် ပွဲလေးတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၊ လှည်းတန်းစင်တာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်၊ တစ်နှစ်ပတ်လုံးမှာ Shwe Property က တန်ဖိုးသင့်အိမ်ရာအရောင်းပြပွဲတွေအပြင် အဆင့်မြင့်အိမ်ရာအရောင်းပြပွဲတွေကိုပါ ကျင်းပပြုလုပ်ရာကနေ ဝယ်ယူသူတွေရဲ့ လိုလားမှုကြောင့် (၂၀၁၈) ခုနှစ်ထဲမှာလည်း အိမ်ခြံမြေအရောင်းပြပွဲကြီးတွေကို ဆက်တိုက်ကျင်းပသွားဖို့ စီစဉ်ပေးထားပါတယ်။
ဇန်နဝါရီလ (၁၉) ရက်၊ (၂၀) ရက်နဲ့ (၂၁) ရက်နေ့တွေမှာ ကျင်းပမယ့် 5th Affordable Housing Expo မှာ နှစ်သစ်ရဲ့ အိမ်ရာပရောဂျက်အသစ်တွေနဲ့ ပရိုမိုးရှင်းသစ်တွေကို တစ်နေရာတည်းမှာ ချပြ ရောင်းချသွားမှာပါ။
ဘဏ်ချေးငွေရယူပြီး နှစ်ရှည်အရစ်ကျနဲ့ အိမ်ဝယ်ယူနိုင်ဖို့၊ အိမ်ရှာရလွယ်ကူစေဖို့နဲ့ စိတ်ချခိုင်မာရတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေရဲ့ အိမ်ရာတွေကို တစ်နေရာတည်းမှာ ရွေးချယ်ဝယ်ယူခွင့်ရဖို့ ရည်ရွယ်ပြီး Shwe Property က အိမ်ရာအရောင်းပြပွဲတွေ ကျင်းပပြုလုပ်ပေးနေတာပါ။
၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်မှာ ကျင်းပခဲ့တဲ့ 4th Affordable Housing Expo မှာလည်း အမေရိကန်ဒေါ်လာ (၄.၃၅) သန်းတန်ဖိုး ပမာဏခန့်ရောင်းချနိုင်ခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ နှစ်ကုန်အထူးအိမ်ရာအရောင်းပြပွဲအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
Written By : Wut Yee Htun (Shwe Property)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ