By Sint Sint, Shweproperty.com
Updated at 25 February 2020
တန်ဖိုးသင့်ပြီး စိတ်ချယုံကြည်ရတဲ့ တိုက်ခန်းများကို ရှာဖွေနေတဲ့သူတွေအတွက် Shwe Property Township Roadshow အိမ်ရာအရောင်းပြပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၂)ရက်နေ့နဲ့ (၂၃)ရက်နေ့၊ Capital Hypermarket မှာ ကျင်းပခဲ့ပါတယ်။
ဒီပြပွဲမှာ သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနဲ့ မြောက်ဥက္ကလာပမြို့နယ်များမှ တန်ဖိုးသင့် တိုက်ခန်းများကို သီးသန့်ပြသရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ ပွဲဦးထွက်တိုက်ခန်း အသစ်စက်စက် (၁၀၀၀)ကျော်ကို ရွေးချယ်ဝယ်ယူနိုင်ဖို့ စီစဉ်ပေးထားတယ်လို့ သိရပါတယ်။
အဆိုပါတန်ဖိုးသင့်တိုက်ခန်းတွေကို ကနဦးပေးချေငွေ ပေးသွင်းပြီး အနည်းဆုံး (၂)သိန်းကနေ အများဆုံး (၈)သိန်းခန့် လစဉ်အရစ်ကျနဲ့ ဝယ်ယူနိုင်ဖို့ စီစဉ်ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ အရစ်ကျနဲ့ ဝယ်ယူချင်တဲ့ Customer တွေအတွက်လည်း ကြိုက်နှစ်သက်ရာ ဘဏ်နဲ့ ချိတ်ဆက်ပြီး နှစ်ရှည်အရစ်ကျနဲ့ ဝယ်ယူနိုင်ဖို့ စီစဉ် ဆောင်ရွက်ပေးထားပါသေးတယ်။
“ကျွန်တော်တို့ ကျင်းပခဲ့တဲ့ Road Show အရောင်းပြပွဲမှာ အကောင်ဆုံး ဝန်ဆောင်မှုတွေ ပေးခဲ့ပါတယ်။ အကောင်းဆုံး ဝန်ဆောင်မှုဆိုတာကတော့ ဝယ်သူတွေ ရှာဖွေနေတဲ့ တိုက်ခန်းပုံစံ၊ သူတို့နဲ့ ကိုက်ညီမှု ရှိတဲ့ မိသားစု အခန်းဖြစ်ဖြစ် ကြင်စဦးဇနီးမောင်နှံလို အခုမှ အိမ်ဝယ်ပြီး အခြေချမယ့် စုံတွဲတွေအတွက် ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ ဝန်ထမ်းတွေက အကောင်းဆုံး လမ်းညွှန်ပြီး အဆင်ပြေအောင် စီစဉ်ပေးပါတယ်။ ဘဏ်နဲ့ချိတ်ဆက် ပြီး နှစ်ရှည်အရစ်ကျ ဝယ်ယူနိုင်ဖို့ အတွက်လည်း Shwe Property ရဲ့ Home Loan Officer တွေကနေ အကောင်း ဆုံး ကူညီဆောင်ရွက်ပေးပါတယ်” လို့ ShweProperty.com မှ Project Sales Manager ကိုလင်းသော်အောင်က ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ မြို့နယ်အစုံအလင်မှာ တည်ဆောက်နေတဲ့ တန်ဖိုးသင့်တိုက်ခန်းများ အရောင်းပြပွဲ Shwe Property Road Show အိမ်ရာအရောင်းပြပွဲများကို အစဉ်အမြဲကျင်းပပေးနေကြ ဖြစ်ပါတယ်။
Written By : ဝိုင်းနန္ဒီ
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ