By myanmar property, Shweproperty.com
Updated at 25 June 2013
ရွှေပြည်သာမြို့နယ်အတွင်းရှိ မိန်းလမ်းမတန်းနေရာများဖြစ်သော ဗိုလ်ချုပ်လမ်းမဘေးရှိ ပေ ၆၀ ပတ်လည် မြေတစ်ကွက်လျှင် ကျပ်သိန်းတစ်ထောင်ခန့် ပေါက်ဈေးတွင်သာ ဈေးများငြိမ်လျက်ရှိနေကြောင်း ရွှေပြည်သာမြို့နယ်အခြေစိုက်အိမ်၊ ခြံ၊မြေ အကျိုးဆောင် လုပ်ငန်းများထံမှ စုံ စမ်းသိရှိရသည်။
“အခုလက်ရှိအချိန်မှာ ထန်းခြောက်ပင် တစ်ဝိုက်နဲ့ ပတ္တမြားဈေး ဘက်သွားတဲ့ နေရာဘက်မှာ ဈေးအကောင်းဆုံးပဲ၊ ပေ ၂၀ x ၆၀ တစ် ကွက်ကို သိန်း ၁,၀၀၀ ဝန်းကျင်လောက် ဈေးပေါက်တယ်၊ ဘာလို့ ဈေးကောင်းရတာလဲဆိုတော့ အဲဒီ နေရာတွေက အဓိကလူစည်ကား တဲ့နေရာတွေမို့ လို့”ဟု အောင်သပြေ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စက်မှုဇုန် မြေနေရာဖြစ်သော အမှတ် ၄ လမ်းမအနီးရှိသော သာဓုကန်စက်မှုဇုန်၌ လက်ရှိအချိန်တွင် မြေတစ်ဧကလျှင် ကျပ် သိန်း ၆,၀၀၀ ဝန်းကျင်ခန့် ပေါက်ဈေးရှိပြီး ပုလဲလမ်း (စက်မှုလမ်း)အတွင်းရှိ ပေ ၄၀ x ၆၀ မြေတစ်ကွက်လျှင် သိန်း ၈၀၀ ဝန်းကျင် ခန့်ပေါက် ဈေးရှိကြောင်း ၎င်းင်းက ဆက်လက်ပြောသည်။
ရွှေပြည်သာမြို့နယ်ရှိ အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ ၂၀၁၀ ခုနှစ်တွင် တစ်ကြိမ်၊ ၂၀၁၁ ခုနှစ် ၆ လပိုင်းဝန်း ကျင်တွင်တစ်ကြိမ် ဈေးနှုန်းမြင့်တက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ၆ လပိုင်းမှ စ၍ ဈေးနှုန်းမြင့်တက်လာခဲ့ခြင်း မရှိတော့ဘဲ လက်ရှိအချိန်တွင် အိမ်၊ ခြံ၊ မြေဈေးနှုန်းမှာ အနည်းငယ်မျှသာ အပြောင်းအလဲဖြစ်ပေါ်မှုရှိကြောင်း အဆိုပါနေရာတွင် နေထိုင်သူတို့ထံမှ စုံစမ်းသိရှိရသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ