By Sint Sint, Shweproperty.com
Updated at 1 June 2021
တရုတ်ရိုးရာအဆိုအရ မိမိအိမ်တွင်အောက်ဖော်ပြပါ အပင်လေးများကို စိုက်ပျိုးခြင်းဖြင့် စီးပွားလာဘ်လာဘ တိုးပွားစေကာ ကျန်းမာ ကြွယ်ဝခြင်းကို အံ့သြလောက်အောင် ပေးစွမ်းနိုင်စွမ်းရှိပါတယ်။အပင်စိုက်ခြင်းနဲ့ စီးပွားအတက်အကျ သက်ဆိုင်ရဲ့လားလို့ တော်ရုံလူကတော့ ယုံကြည်ဖို့ရာခက်ပါတယ်။ သို့ပေမယ့် အပင်စိုက်ပျိုးခြင်းဖြင့် စိတ်ဖိစီးမှုလျော့ကျခြင်း၊ တီထွင်ကြံဆမှုအားကောင်းလာနိုင်ခြင်း၊ ပတ်ဝန်းကျင်လေထုကို အထိုက်အလျောက်သန့်စင်ပေးနိုင်ခြင်းတို့ကြောင့် ကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေတယ်ဆိုတဲ့ အချက်ကိုတော့ ငြင်းပယ်၍ မရနိုင်ပေ။ ၁။ ကျောက်စိမ်းပင် (Jade Plant) Japanese Cherry (or) Dollar Plant လို့လူသိများပြီး သူ့ရဲ့ သိပ္ပံအခေါ်ကတော့ Crassula ovata ဖြစ်ပါတယ်။စားပွဲတင်အလှထား စိုက်ပျိုးနိုင်ပြီး လာဘ်ရွှင်၊ ငွေဝင်တိုးကာ အလုပ်အကိုင်အဆင်ပြေသောကြောင့်လည်း Dollar Plant လို့ တင်စားခေါ်ဝေါ်ခြင်းပင်ဖြစ်သည်။ ကျောက်စိမ်းပင်ဟာ အေးမြတဲ့ ခုလို ဆောင်းရာသီချိန်တွင် အပွင့်များပွင့်တတ်ပြီး ကြယ်ပုံစံ အပွင့်အဖြူ (သို့) ချယ်ရီပန်းကဲ့သို့ ပန်းရောင်အဆင်းပွင့်လေ့ရှိပါသည်။ သူ့ရဲ့ အရွက်ဝိုင်းဝိုင်းအသွင်ကြောင့် ပိုက်ဆံအကြွေစေ့နဲ့ ဆင်တူခြင်းကြောင့်လည်း ကြွယ်ဝခြင်းနိမိတ်ဆောင်ခြင်းဟု ဆိုဖွယ်ရာရှိပါသည်။အပွင့်လည်းလှ၊ အပင်အရွယ်အစားအားဖြင့်လည်း သေးငယ်သောကြောင့် အလုပ်စားပွဲတွင်လည်း အလှထားစိုက်ပျိုးနိုင်ပါသေးသည်။ ၂။ ဝါးပင်ပု (Lucky Bamboo) တရုတ်ဖုန်းရွှေတို့ရဲ့ အယူအဆအရ Lucky Bamboo ပင်များသည် ပြည့်စုံ ကြွယ်ဝခြင်း၊ ကံကောင်းခြင်းတွေကို ဖိတ်ခေါ်နိုင်စွမ်းရှိသဖြင့် အိမ်တွင် စိုက်ပျိုးသင့်သော အပင်အဖြစ်သတ်မှတ်ခြင်းခံရသည်။ အိမ်ရဲ့ အရှေ့တောင်အရပ်တွင် စိုက်ပျိုးပေးခြင်းဖြင့် ထူးခြားသောစွမ်းအင်များကို ပေးစွမ်းနိုင်သည်ဟုပင် ယုံကြည်သက်ဝင်ကြပေသည်။Lucky Bamboo ပင်ရဲ့ ထူးခြားချက်ကတော့ သူ့ရဲ့ ရိုးတံပေါ်မူတည်ပြီး အဓိပ္ပာယ်ကွာခြားသွားပေသည်။ ဥပမာ - ရိုးတံသုံးခုဆိုရင် ပျော်ရွှင်ခြင်း၊ ကြွယ်ဝပြည့်စုံခြင်းနဲ့ အသက်ရှည်ခြင်းနိမိတ်ဖြစ်ပြီး၊ ရိုးတံ ၅ခုနဲ့အထက်ဆို ကံကောင်းခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာခြင်းကိုပေးစွမ်းနိုင်လေသည်ဟုပင် ဆိုထားသည်..... ၃။ ငွေပင် ( Money Tree Plant) သူ့ရဲ့ နာမည်ဖြစ်ပေါ်လာပုံ ယုံတမ်းပုံပြင်တစ်ပုဒ်ကလည်း ထူးဆန်းလှပေသည်။ သူဆင်းရဲတစ်ယောက်သည် ပိုက်ဆံရဖို့ရာ ဆုတောင်းနေရင်း ထူးဆန်းသောအပင်ငယ်ကို တွေ့ရှိသွားကာ အိမ်သို့ယူဆောင် စိုက်ပျိုးရင်း ထိုအပင်ငယ်မှာ အစေ့များကို ရောင်းချရာမှ ချမ်းသာကံကောင်းသွားလေသည်ဟု ရိုးရာပုံပြင်ရှိဖူးလေသည်။ ထို့ကြောင့်လည်း တရုတ်လူမျိုးများက Money Tree Plant သည် ဝင်ငွေများတိုးပွားလာအောင် ပြုလုပ်ပေးနိုင်စွမ်း ရှိသည်ဟု သက်ဝင်ယုံကြည်နေကြခြင်းဖြစ်ပေမည်။ ၄။ မိုးမခပင် (Kalanchoe Plant) အလွန်ချစ်စရာကောင်းပြီး အိမ်တွင်းအလှစိုက်ပျိုးဖို့ သင့်လျော်တဲ့ မိုးမခပင်ကတော့ ကံကောင်းခြင်း၊ ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနဲ့ အသက်ရှည်ကျန်းမာခြင်းကိုပါ ဆောင်ယူပေးစွမ်းနိုင်တယ်။ လက်ဆောင်ပေးဖို့ရန်အတွက်လည်း ကိုက်ညီသည်မို့ အနောက်နိုင်ငံများတွင်ပါ လူသိများတဲ့အပင်လည်းဖြစ်ပါသည်။ ပန်းပွင့်ချိန်လည်းလှ၊ အောက်ဆီဂျင်ကောင်းကောင်းထုတ်ပေးနိုင်ပြီး သေးငယ်တဲ့ ဖုန်မှုန့်များကို စုပ်ယူပေးနိုင်သေးတာမို့ အခန်းတွင်းလေထုကိုပါ သန့်စင်ပေးနိုင်တယ်။ “အဆုံးမရှိ ချစ်ခြင်း” လို့ သဘောဆောင်တဲ့ မိုးမခပင်ဟာ ချစ်ခြင်းတရားကို ဖော်ကျူးပေးဖို့ရာ အကောင်းဆုံး လက်ဆောင်တစ်ခုဆိုလည်း မှားနိုင်ဖွယ်မရှိပေ။ ၅။ ဇော်ထပ် (Happy Plant) နာမည်နှင့် လိုက်အောင်ပင် ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်း၊ ကံကောင်းခြင်းတွေကို ယူဆောင်ပေးနိုင်စွမ်းရှိတဲ့ မြန်မာအခေါ် “ဇော်ထပ်”အပင်လေးကတော့ အကြမ်းလည်းခံတော့ အိမ်တွင်းစိုက်ပျိုးဖို့ရာ အကောင်းဆုံးအပင် ဖြစ်ပါသည်။ စိတ်တည်ငြိမ်မှုကိုပါ ပေးစွမ်းနိုင်ပြီး အာရုံစူးစိုက်မှုအားကောင်းစေတဲ့အပြင် စိတ်အပန်းဖြေစေလို့ မိမိရဲ့ အလုပ်စားပွဲနားတွင် ထားရင် အသင့်တော်ဆုံးဖြစ်မှာပါ။ အပေါ်ယံ မြေဆီလွှာခြောက်သွေ့ကာမှ ရေလောင်းပေးရုံပဲမို့ စိုက်ပျိုးရလည်း လွယ်ကူပါသည်။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ နေအိမ်များတွင်မစိုက်သင့်သော အဆိပ်ရှိသောဂမုန်းပင် အပင်စိုက်ခြင်းကြောင့် ရရှိနိုင်မည့် ကောင်းကျိုးအဖြာဖြာ နေအိမ်တွင်းမှာ မစိုက်သင့်တဲ့ နဂါးစက်ဂမုန်း ByAye Sandar, Shweproperty.com Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ