By The Voice Weekly, Shweproperty.com
Updated at 10 December 2013
ဇုန်အမျိုးအစား ၁၁ ခုကို နိုဝင်ဘာလကုန်က ခွဲခြား သတ်မှတ်လိုက်ခြင်းကြောင့် ငြိမ်သက်လျက် ရှိသော ရန်ကုန်မြို့၏ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ လက်ရှိထက် မြင့်တက် လာနိုင်ကြောင်း ရန်ကုန်အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များက ပြောကြားသည်။
အထပ်မြင့် ဆောက်လုပ်ခွင့်ရရှိသော နေရာများနှင့် ဆိတ်ငြိမ် နေရာများတွင် မြေဈေးနှုန်းများ ပိုမိုမြင့်တက် လာနိုင်ကြောင်း မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေ ဝန်ဆောင်မှုအသင်း (ဗဟို) မှ အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောကြားသည်။
“အထပ်မြင့် ဆောက်လုပ်ခွင့် ဇုန်ထဲမှာရှိတဲ့ မြေကွက်ကတော့ သေချာပေါက် ဈေးတက်မှာပါ။ ဒါပေမဲ့ ဆောက်လုပ်ဖို့ ရည်ရွယ်ထားတဲ့ မြေကွက်က အထပ်မြင့် ဆောက်လို့ မရရင်တော့ ဈေးကနည်းနည်း တော့ ကျနိုင်ပါတယ်” ဟု စိုင်းခွန်နောင်အိမ်၊ ခြံ၊ မြေ အကျိုးဆောင် လုပ်ငန်းမှ မန်နေဂျာ ဦးရန်အောင်က ပြောဆိုသည်။
ရန်ကုန်မြို့၏ မြို့နယ် ၁၈ ခုတွင် ဆိတ်ငြိမ်ဇုန်၊ အထပ်မြင့် ဆောက်လုပ်ခွင့်ဇုန်၊ ဆိပ်ကမ်း အထူးဖွံ့ဖြိုးရေးဇုန်၊ လူနေထူထပ်ဇုန် အပါအဝင် ဇုန်အမျိုးအစား ၁၁ ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက သတ်မှတ်ခဲ့သော်လည်း နေရာများကို ထုတ်ပြန်ခြင်း မရှိသေးပေ။
Ref : The Voice Weekly
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ