By နီလာ, Shweproperty.com
Updated at 30 December 2012
ရန်ကုန်မြို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်လျက်ရှိသော အထပ်မြင့်အဆောက်အအုံစီမံကိန်းများတွင် စင်ကာပူနိုင်ငံမှအများဆုံးဖြစ်ကြောင်း အထပ်မြင့်အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများ အရည်အသွေးစစ် ဆေးရေးပညာရှင်အဖွဲ့ (CQHP) ဥက္ကဋ္ဌဦးသန်းမြင့်က ပြောကြားခဲ့ သည်။
ရန်ကုန်မြို့တွင် အထပ်မြင့်အဆောက်အအုံဆောက်လုပ်မှုများ၂ဝ၁၂ ခုနှစ် နှစ်ဝက်ခန့်မှစ၍ တဖြည်းဖြည်းမြင့်တက်လာခဲ့ကြောင်း၊ယခင်က ၁၂ထပ်၊ ၁၆ ထပ်များသာတည်ဆောက်လျက်ရှိကြရာမှ စီးပွားရေးပွင့်လန်းလာမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကြောင့် ယခုအခါ ၂၅ ထပ်၊ အထပ်၃ဝ၊ ၃၅ ထပ်အထိပင် ဆောက်လုပ်ရန် တင်ပြမှုများရှိလာကြောင်းလည်း သိရှိရပါသည်။
''ရန်ကုန်မြို့မှာ အရင်တုန်းက၁၂ထပ်၊ ၁၆ထပ်လောက်ပဲ ဆောက်ကြတယ်။ ခုနောက်ပိုင်းမှာတော့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အထပ်မြင့်တွေ ဆောက်လာကြတယ်။ဆောက်လုပ်ခွင့်တွေ မြို့တော်အင်္ဂါရပ်နဲ့ကိုက်ညီမှု ရှိ၊မရှိ ဆိုတာတွေကိုတော့ စည်ပင်ကပဲခွင့်ပြုတာပါ။ ကျွန်တော်တို့ ဃျှံဏ ကတော့ စီမံ ကိန်းဒီဇိုင်းတွေကိုပဲစစ်ဆေးတာပါ။ ခုနောက်ပိုင်းမှာလာတဲ့ CQHP တွေက အများအားဖြင့် စင်ကာပူကများတယ်။ စင်ကာပူက ဒီဇိုင်းတွေက သူတို့နိုင်ငံရဲ့စံချိန်စံညွှန်းအတိုင်း ဆွဲထားတာဖြစ်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာ သတိပြုရတဲ့ငလျင်ကိုထည့်တွက်ပြီး ဒီဇိုင်းဆွဲတာနည်းပါတယ်။ ဒီအတွက် သေသေချာချာစစ်နေပါတယ်''ဟုလည်း ဦးသန်းမြင့်ကဆက် လက်ပြောကြားခဲ့သည်။
အထပ်မြင့် အဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများအရည်အသွေးစစ်ဆေးရေးပညာရှင်အဖွဲ့သို့လက်ရှိကာလ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်မည့် အထပ်မြင့်အဆောက်အအုံစီမံကိန်းများအပြင်ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်များ မှတည်ဆောက်မည့် စီမံကိန်းများ အပါအဝင် စီမံကိန်းငါးခုခန့်ရှိနေ ကြောင်းလည်း သိရသည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ