By Saint Sandi Htet (ShweProperty.com), Shweproperty.com
Updated at 14 February 2018
ရုံးခန်းငှားရမ်းမှုနှုန်း မြင့်တက်လာမှုနဲ့အတူ အာရှဒေသရှိမြို့ကြီးတွေမှာ စင်ကာပူနိုင်ငံက ရုံးခန်းငှားရမ်းမှုဈေးကွက် အမြင့်ဆုံး အဖြ စ် ရပ်တည်လာတယ်လို့ Real Estate Service Company တစ်ခုဖြစ်တဲ့ Cushman & Wakefield Inc.မှ သိရပါတယ်။
အာရှဒေသ အဓိက မြို့ကြီးတွေရဲ့ ရုံးခန်းငှားရမ်းမှု အခြေအနေထဲမှာ တိုကျိုမြို့က ချွင်းချက်အနေနဲ့ နောက်နှစ် နှစ်အတွင်းမှာ မြင့် တ က် လာနိုင်တယ်လို့ Cushman ရဲ့ခန့်မှန်းပြောဆိုမှုတွေအရ သိရပါတယ်။
စင်ကာပူနိုင်ငံရဲ့ ရုံးခန်းငှားရမ်းမှုဈေးကွက်ဟာ ဟောင်ကောင်ဒေသတွင်း ဗဟိုစီးပွားရေးလုပ်ငန်းရဲ့ ခန့်မှန်းနှုန်းထားတက် တိုးတက်မှု ၂၅ ရာခိုင်နှုန်းအထိ တစ်ဟုန်ထိုးမြင့်တက်လာတဲ့
ငှားရမ်းခနဲ့အတူ စင်ကာပူနိုင်ငံက ရုံးခန်းငှားရမ်းမှု ဈေးကွက်ကို ဦးဆောင်လိမ့်မယ်လို့ ဆိုပါတယ်။
“ရုံးခန်းအငှားဈေးကွက်အတွက် အကောင်းဆုံးအခြေအနေဖြစ်လာဖို့ လိုအပ်ပါသေးတယ်” လို့ Cushman & Wakefield ရဲ့ စင်ကာပူအခြေစိုက် အာရှပစိဖိတ်ဒေသသုတေသနဆိုင်ရာ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ Sigrid Zialcita က ပြောပါတယ်။
ဘဏ္ဍာရေးကျပ်တည်းမှု နောက်ဆက်တွဲအကျိုးဆက်တွေရှိလာကတည်းက အခြေအနေကောင်းတာတော့မတွေ့ခဲ့ရဘူး” ဟုလည်း ၎င်းက ထပ်မံပြောပါတယ်။ အာရှပစိဖိတ်ဒေသအတွင်း အဓိကမြို့ကြီးတွေမှာ ရုံးခန်းအပိုငှားရမ်းမှုတွေက ၂၀၁၈ ခုနှစ်အတွင်းမှာ ၁၂၀ မီလီယမ် စတုရန်း ဧရိ ယာအထိ တဟုန်ထိုး တိုးတက်လာလိမ့်မယ်ဟု Cushman ရဲ့ လေ့လာသုံးသပ်ချက်တွေက ဆိုပါတယ်။
ငှားရမ်းခတွေက ၂၀၁၇ မှာ ၁ စတုရန်းဧရိယာကို ဒေါ်လာ ၈၀ ကျော် ကနေ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၁၀၀ ကျော် အထိ မြင့်တက် လာနို င်ချေရှိတယ်လို့ Cushman ရဲ့ ခန့်မှန်း သုံးသပ်ချက်တွေအရ သိရှိရပါတယ်။
Translator : Saint Sandi Htet Source : Bloomberg Markets Photo Credit : Businesstimes
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ