By Myanmar Builders Guide, Shweproperty.com
Updated at 2 July 2019
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့၏ အရှေ့မြောက်ဘက်ရှိ ကျေးတောကျေးရွာနှင့် ရွှေမင်းဂံကျေးရွာအနီး မြေဧက ၇၀ဝ၀ ပေါ်တွင် Gold Coast KTMG Development ကုမ္ပဏီက အမေရိကန်ဒေါ်လာ ၃၈ ဘီလီယံ အကုန်အကျခံကာအကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်ပြီး ပြည်ထောင်စုအစိုးရထံ စီမံကိန်းအကောင်အထည်ဖော်ခွင့်ရရန် တင်ပြထားပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌက ပြောထားရာတွင် ကုမ္ပဏီအနေနဲ့ လိုအပ်တဲ့မြေဧက ၇၀ဝ၀ ကို ရရှိအောင် ပထမဆုံးကြိုးစားရမှာဖြစ်ကြောင်း၊ရလာသည့်အခါ လွှတ်တော်နှင့်အစိုးရအဖွဲ့၏ ထောက်ခံချက်နှင့်လုပ်ပိုင်ခွင့်ရဖို့အတွက်ကို အထက်ကို တင်ပြရမှာဖြစ်ကြောင်း၊တင်ပြပြီးလို့ရတယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့ရှိကြောင်း သိရပါသည်။
စီမံကိန်းဆောင်ရွက်ခွင့်ရရှိမည်ဆိုပါက ၂၀၂၀ ပြည့်နှစ်တွင် စတင်အကောင်အထည်ဖော်ပြီး ၂၀၃၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည်ဟုလည်း သိရသည်။ စီမံကိန်းအကောင်အထည်ဖော်မည့် ကုမ္ပဏီအနေနှင့်ယခုစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံရန်အတွက် ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်နှင့် ဩစတြေးလျနိုင်ငံတို့မှ ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ထားကြောင်း သိရသည်။
အကျိုးဆက်အနေနှင့်လည်း ရခိုင်ပြည်မှာရှိတဲ့ လူငယ်များ အလုပ်လက်အကိုင်ရရှိလာနိုင်ကြောင်း၊ ပညာရေးအတွက် အခွင့်အလမ်းတွေ ပိုမိုရရှိလာနိုင်ပြီးပြီး တခြားစီးပွားရေးလုပ်ငန်းလည်းတိုးတက်လာမှာဖြစ်သည့်အတွက် လွှတ်တော်က အမြဲတမ်းကြိုဆိုကြောင်း ပြောပြထားပါသည်။
လက်ရှိတွင်လည်း၂၀၁၆ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ ခွင့်ပြုချက်ရ ပြီးဖြစ်သည့် မြေဖို့မြေယာစီမံကိန်းကို ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော BXT ကုမ္ပဏီနှင့် ရခိုင်ပြည်နယ်အစိုးရ တို့ပူးပေါင်း၍ မြေကွက်များကိုရောင်းချပေးနေကြောင်း သိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ