By မော်ကျွန်းသူ, Shweproperty.com
Updated at 11 January 2012
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ကျောက်တော်မြို့များ၏မြေဈေးကွက်များ ပြန်လည်လှုပ်ခတ်လာကြကြောင်း၊ အထူးသဖြင့် မြို့လယ် ရပ်ကွက်များဖြစ်သော အိုးတန်း၊ ကျေးပင်ကြီးနှင့် လာလိပ်တို့၏အိမ်ရာ မြေဈေးကွက်မှာ ပြန်လည်လှုပ်ခတ်ကာ လူကြိုက်များကြောင်း ဒေသခံ များထံမှသိရသည်။
ကျောက်တော်မြို့၏ ပြည်တော်သာရပ်ကွက်တွင် မြေဈေးမြင့် တက်လာနေကြောင်း၊ အဆိုပါမြို့တွင် ငွေကြေးတတ်နိုင်သူများက စိတ်ဝင်စားလာကြကြောင်း ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။ မြန်မာ အိန္ဒိယနှစ်နိုင်ငံသဘောတူညီချက်ဖြင့် တည်ဆောက်လျက်ရှိ သည့် ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးရေးဘက်စုံသုံးစီမံကိန်းပြီးစီးပါက စီးပွားရေးအချက်အချာကျသောမြို့တစ်မြို့ဖြစ်လာမည်ဖြစ်၍ လုပ်ငန်း ရှင်များက စိတ်ဝင်စားမှုများလာကြောင်း၊ ထို့ကြောင့် မြေဈေးလှုပ်ခတ် လာခြင်းဖြစ်ကြောင်း သိရသည်။
''ပေ ၄ဝ၊ ပေ ၆ဝ မြေတစ်ကွက်ကို ကျပ် သိန်း ၂ဝဝ၊ ၃ဝဝ ပေးဝယ်လာကြတယ်။ မြို့ပေါ်ရပ်ကွက်တွင်သာမဟုတ်ဘူး။ မြို့စွန်ရပ် ကွက်တွေတောင် ဈေးကမြင့်လာကြတယ်''ဟု အိုးတန်းရပ်ကွက်တွင် နေထိုင်သူဒေသခံလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်တွေမြို့သည် ပြည်နယ်အစိုးရရုံးစိုက်ရာဒေသဖြစ်ပြီး လေဆိပ်၊ ပင်လယ်ကူးသင်္ဘောဆိပ်ကမ်းများတည်ရှိပြီး စီးပွားရေးအချက်အချာ ကျသောမြို့ဖြစ်သည်။ ထို့ပြင် စစ်တွေ၊ ကျောက်ဖြူ(ရေနက်ဆိပ်ကမ်း) တို့ရှိနေခြင်းများကြောင့် လုပ်ငန်းရှင်များ၏ စိတ်ဝင်စားမှုရှိနေသော မြို့တစ်မြို့ဖြစ်လာကြောင်း သိရသည်။
Source : The Myanmar Post
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ