By Myanmar Home Decoration, Shweproperty.com
Updated at 7 January 2019
ရန်ကုန်မြို့လယ် ခြောက်မြို့နယ်တွင် အဆောက်အအုံဆောက်လုပ်ရန် အမြင့်ကန့်သတ်ချက်အပါအဝင် ကန့်သတ်ချက်ပေါင်း ကိုးချက်ကို ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ဇန်နဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။
လမ်းအကျယ် ပေ ၃၀ ရှိသည့်လမ်းတွင် အဆောက်အအုံ၏ အမြင့် ၅၂ ပေ (ငါးထပ်) အထိ တည်ဆောက်ခွင့်ပေးမည်ဖြစ်ကာ မြေဧရိယာ၏ ၄ ဒသမ ၉ ရာခိုင်နှုန်းအထိသာ အဆောက်အအုံတည်ဆောက်ခွင့်ပြုမည်ဟု အင်ဂျင်နီယာဌာန (အဆောက်အအုံ) ထံမှ သိရှိရသည်။
ရန်ကုန်မြို့တွင်း တောင်နှင့် မြောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် အဆောက်အအုံအမြင့်ကို လမ်းအကျယ်ပေါ်မှုတည်၍ ၁ အချိုး ၁ ဒသမ ၂၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အရှေ့-အနောက် သွယ်တန်းနေသော အမည်တပ်လမ်းများတွင် လမ်းအကျယ်၏ ၁ အချိုး ၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တည်ဆောက်ခွင့်ပေးမည်ဖြစ်ကြောင်း YCDC ထုတ်ပြန်ထားသည်။
မြေကွက်ဧရိယာ နှစ်ဧကအထက် မြေကွက်ပေါ်တွင် လုပ်ငန်းရှင်တစ်ဦးက တည်ဆောက်မည့်အဆောက်အအုံကို Large Size Development (ဧရိယာအလိုက် ဖွံ့ဖြိုးမှုစီမံကိန်း) အဖြစ် သတ်မှတ်ပြီး အထပ်မြင့်ကန့်သက်ချက်၊ အဆောက်အအုံ ဖုံးလွှမ်းမှု ကန့်သက်ချက်များအပြင် စိမ်းလန်းမြေဧရိယာ အနည်းဆုံး ၂၀ ရာခိုင်နှုန်းအထိ တည့်သွင်းတည်ဆောင်ရမည်ဖြစ်ကြောင်း အင်ဂျင်နီယာဌာန အဆောက်အအုံထံမှ သိရှိရသည်။
ထို့ပြင် တောင်-မြောက်လားရာ နံပါတ်တပ် ပေ ၃၀ ကျယ်လမ်းများတွင် မြေကွက်တစ်ကွက်ထက် ပို၍ပေါင်းပြီးတည်ဆောက်ပါက အမြင့် ၆၂ ပေ (ခြောက်ထပ်) အထိတည်ဆောက်ခွင့်ပေးမည်ဖြစ်ပြီး အဆောက်အအုံတည်ဆောက်ရာတွင် မော်တော်ယာဉ်ရပ်နားရန်၊ ဘတ်စ် ကားဂိတ်၊ ပန်းခြံ၊ အများပိုင်နေရာအချို့ ထည့်သွင်းတည်ဆောက်ပေးလျှင် အထပ်အမြင့်ကို သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ညှိနှိုင်း၍ အမြင့်ပိုဆောက်နိုင်ရန် ခွင့်ပြုပေးမည်ဖြစ်ကြောင်း YCDC သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
ယခင်က အဆောက်အအုံအမြင့်ကို လမ်းအကျယ်၏ နှစ်ဆဖြင့် အကြမ်းဖျင်းသတ်မှတ်ကာ အဆောက်အအုံတည်ဆောက်ခွင့်ပြုခဲ့သည်။
မြို့တွင်း ခြောက်မြို့နယ်အတွင်း ဆူညံမှုရှိသော စက်ရုံအလုပ်ရုံများ၊ အနံ့ဆိုးထွက်သော လုပ်ငန်းများ၊ ပတ်ဝန်းကျင်ညစ်ညမ်းပြီး အန္တရာယ်ရှိသောလုပ်ငန်းများ လုပ်ကိုင်ရန် ခွင့်မပြုထားသောကြောင့် ယင်းကဲ့သို့ အဆောက်အအုံများ တည်ဆောက်မှုကို ကန့်သတ်ရန် ကြေညာချက် ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြေညာထားသည်။
Ref : Myanmar Home Decoration
Photo Credit : Wordpress
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ