By Myanmar Builders Guide, Shweproperty.com
Updated at 26 August 2019
ရန်ကုန်တိုင်းက မြေယာတွေကို ဒီလကုန်မှာ စရောင်းမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောပါတယ်။
ရန်ကုန်တိုင်းထဲမှာ မြို့ပြအဖြစ်ပုံဖော်ခဲ့ပြီးနောက်မှာ ကွက်လပ်တွေအဖြစ်ကျန်ရှိခဲ့တဲ့ လှိုင်သာယာ ၊ ရွှေပြည်သာ နဲ့ ဒဂုံလေးမြို့နယ်က လယ်ယာမြေ ဧက လေးထောင်ခန့်ကို ရောင်းမှာလို့ သိရပါတယ်။
ဒီလိုရောင်းချရတာဟာ ရန်ကုန်တိုင်းထဲက သိမ်းဆည်းခံလယ်ယာမြေတွေအတွက် လျော်ကြေးဘီလီယံနှစ်ရာခန့်ပေးဖို့လိုအပ်တာကြောင့်လို့ သိရပါတယ်။
မြေတွေကိုရောင်းချရာမှာလည်း ရန်ကုန်တိုင်းအတွင်း ရင်းနှီးမြှုပ်နှံမှုပြုလုပ်ချင်သူတွေနဲ့ မြေဝယ်ပြီး အိမ်ဆောက်နေချင်တဲ့ အစိုးရဌာနဆိုင်ရာက ပင်စင်ဝန်ထမ်းတွေကို ရောင်းချပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ရောင်းချမယ့်မြေဖိုးနဲ့ စည်ပင်စရိတ်ကိုတော့ခွဲခြားသတ်မှတ်ပြီးရောင်းချသွားမှာဖြစ်ပေမယ့် သင့်တင့်တဲ့ ဈေးနှုန်းတစ်ခုနဲ့သာရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့ကြောင့်လက်ရှိမှာ မြေရောင်းချဖို့ တိုင်းအစိုးရက ကော်မတီတစ်ခုကို ဖွဲ့စည်းဖို့ ကြိုးစားနေပြီး မြေဈေးကစားမှုတွေမဖြစ်အောင်နဲ့ ငွေကြေးတတ်နိုင်သူတွေရဲ့ လက်ဝါးကြီးအုပ်ဝယ်ယူချင်မရှိအောင် ကြီးကြပ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ