By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 7 July 2017
Hugo Slade, MD of SPS, receiving the award for Best Real Estate Consultancy, Myanmar
၂၀၁၇- ၂၀၁၈ ခုနှစ်အတွက် ကျင်းပတဲ့ အာရှ-ပစိဖိတ် အိမ်ခြံမြေဆုများပေးအပ်ပွဲ အခမ်းအနားမှာ အိမ်ခြံမြေအတိုင်ပင်ခံ ကဏ္ဍအတွက် ပေးအပ်တဲ့ အကောင်းဆုံးအိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းဆု ကို မြန်မာနိုင်ငံမှ Slade Property Services (“SPS”) မှ ဆွတ်ခူးရရှိခဲ့ပါတယ်။ ဒီဆုပေးပွဲဟာဆိုရင် အာရှနဲ့ ပစိဖိတ်ဒေသရဲ့ သြဇာတိက္ကမကြီးမားတဲ့ပွဲကြီး တစ်ခုဖြစ်ပြီး၊ ဘန်ကောက်မြို့ရဲ့ The Marriot Marquis Queen’s Park မှာ မေလ(၂၅)ရက်နေ့ကနေ (၂၆)ရက်နေ့ထိ နှစ်ရက်ကြာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ဆုပေးပွဲမှာ အိမ်ခြံမြေကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်မှုှဆု၊၊ အကောင်းဆုံးဒီဇိုင်းဆုနဲ့ အကောင်းဆုံးဗိသုကာဆု စတဲ့ အမျိုးအစားအလိုက် ကုမ္ပဏီတွေကို ဆုပေးအပ်ခဲ့ပါတယ်။ အာရှနဲ့ ပစိဖိတ်ဒေသမှာရှိတဲ့ ပြိုင်ပွဲဝင်(၉၀၀)ကျော်ထဲကမှ မြန်မာမှာ အခြေတည်တဲ့ Slade Property Service အတိုင်ပင်ခံလုပ်ငန်းစုက အကောင်းဆုံးဆုကို ဆွတ်ခူးရရှိခဲ့တာဟာ သူတို့ကုမ္ပဏီအနေနဲ့ ဘယ်လောက်ထိ စွမ်းဆောင်နိုင်ခဲ့သလဲ၊ တကယ့်ကို ကြီးမားပြီး ကျော်ကြားတဲ့ မြန်မာရဲ့ ကုမ္ပဏီတွေ မှာ ဘယ်လိုပါဝင်လုပ်ဆောင်ခဲ့သလဲဆိုတာနဲ့ နိုင်ငံ့အိမ်ခြံမြေကဏ္ဍအတွက် ပါဝင်ခဲ့ပုံတွေကို စိစစ်ဆုံးဖြတ်ပြီး ဒီဆုကို ပေးအပ်ခဲ့တာဖြစ်တယ်လို့ Slade Property Service ရဲ့ ဝဘ်ဆိုဒ်မှာ ဖော်ပြထားပါတယ်။
အာရှ-ပစိဖိတ်ဆုပေးပွဲဟာဆိုရင် နိုင်ငံတကာအိမ်ခြံမြေဆုပေးပွဲတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ အာဖရိကဒေသ၊ အာရေဗီးယား၊ ဥရောပ၊ အမေရိကနဲ့ ယူကေနိုင်ငံတို့ကလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆုပေးပွဲကို အကောင်းဆုံး အိမ်ခြံမြေ ပရောဂျက်တွေနဲ့ ပညာရှင်ပီသတဲ့ အိမ်ခြံမြေနယ်ပယ်က သူတွေ ပါဝင်ပါတယ်။
အတိုင်ပင်ခံလုပ်ငန်းကို (၄)နှစ်ခန့်လုပ်ဆောင်နေတဲ့ SPS ဟာရန်ကုန်မြို့မှာ ရုံးတည်တာဖြစ်ပြီး၊ SPS ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ Hugo Slade က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ SPS ဟာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရရှိထားပြီး Royal Institution of Chartered Surveyors(RICS) ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ငန်းလည်ပတ်နေတာပါ။ အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်း၊ ၊ တန်ဖိုးဖြတ်ခြင်းကိစ္စ၊ အကြံပေးလုပ်ငန်း၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုတွေ၊ အိမ်ငှား မြေငှားကိစ္စတွေနဲ့ အရောင်းပိုင်းဝန်ဆောင်မှုတွေကိုပါ ကူညီထောက်ပံ့ ပေးနေတာဖြစ်ပါတယ်။ မြန်မာပြည်ရော၊ ကမ္ဘာမှာပါ အကောင်းဆုံးအကြံပေးမှတ်တမ်းတွေနဲ့ အောင်မြင်နေတဲ့ SPS ရဲ့ ဝန်ထမ်းတွေဟာ RICS အတည်အမှတ်ပြု အဖွဲ့ဝင်တွေဖြစ်ပြီး အရည်အသွေးမြင့်စွမ်းဆောင်ရည်ရှိတဲ့ ဝန်ထမ်းတွေကို ခန့်အပ်ထားပါတယ်။ ဝန်ထမ်းအားလုံးဟာ RICS ရဲ့ စည်းမျဉ်းတွေကို လိုက်နာပြီး လုပ်ဆောင်နေတာဟာ SPS ရဲ့ ဝန်ဆောင်မှုလုပ်ငန်းကို အကောင်းဆုံးထောက်ပံ့ ပေးရာရောက်သလို၊ လုံ့လဝီရိယနဲ့ မိမိရဲ့ဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ အကျိုးကျေးဇူးတွေလည်း ရရှိပါတယ်။
SPS ဟာ အိမ်ခြံမြေအတိုင်ပင်ခံလုပ်ငန်းတွေအပြင်၊ ၂၀၁၅ ခုနှစ်မြန်မာပြည်ရဲ့ ရေဘေးမှာလည်း တထောင့်တနေရာကနေ ပါဝင်ခဲ့ပြီး၊ Little Dragons Rugby အဖွဲ့ရဲ့ မိဘမဲ့ကလေးတွေနဲ့ ချို့တဲ့ဒေသတွေမှာ ပြုလုပ်တဲ့ ပရဟိတ လုပ်ငန်းတွေမှာလည်း ပါဝင်လုပ်ဆောင်ခဲ့ပါတယ်။
“ကျွန်တော့ရဲ့ အသင်းအဖွဲ့ဟာ စီးပွားရေးကနေတစ်ဆင့် ဆုရကုမ္ပဏီတစ်ခုအဖြစ်သို့ ကူညီခဲ့တဲ့အတွက် များစွာဂုဏ်ယူပါ တယ်။ နိုင်ငံတကာစံနှုန်းနဲ့ညီတဲ့ အတိုင်ပင်ခံအကြံပြုမှုတွေ ထောက်ပံ့ပေးဖို့ ပြီးခဲ့တဲ့ လေးနှစ်လုံး ကြိုးစားခဲ့ပြီး၊ အခုဆိုရင် ကျွန်တော်တို့မှာ ထင်ရှားတဲ့ ဆုတံဆိပ်နဲ့အတူ အောင်မြင်မှုတွေ ယူဆောင်လာနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အမှုသည်တွေဟာ ကျွန်တော်တို့ရဲ့ ထောက်ပံ့ပေးမှုတွေအပေါ် ပျော်ရွှင်တာတွေ့ရပါတယ်။ ဒါပေမယ့် ပိုပြီးအရေးကြီးတာကတော့ လုပ်ငန်း အနေနဲ့ ပိုပြီးပညာပြည့်ဝတဲ့ အဖွဲ့ဖြစ်ဖို့နဲ့ အိမ်ခြံမြေပညာရှင်တွေ ပိုပြီး ပေါ်ထွက်လာဖို့ပဲ ဖြစ်တယ်။ မြန်မာနဲ့ အရှေ့တောင် အာရှရဲ့ အိမ်ခြံမြေကဏ္ဍ အင်အားကြီးဖို့ တွန်းအားပေးနေမှာဖြစ်သလို၊ စီးပွားရေးလုပ်ငန်းတွေ ဒီထက်မက တိုးတက်အောင် ဆောင်ရွက်နေဖို့က ကျွန်တော့ရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်”
Written By : Wut Yee Htun (Shweproperty.com)
Posted By : Wai Phyoe (Shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ