အိမ်ခြံမြေအရောင်းအဝယ်နှင့်ပတ်သက်ပြီး အမေးများဆုံးအချက်မှာ “ပါမစ်မြေကို  အရောင်းအဝယ် ပြုလုပ်တဲ့အခါ အရပ်စာချုပ်နဲ့ ချုပ်ဆိုလို့ရပါသလား။မြေအမည်ပြောင်းလို့ရပါသလား”ဟု အမေးများကြလေသည်။


အဆိုပါမေးခွန်းကိုဖြေရသော် -


''ပါမစ်မြေကစာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ အရပ်စာချုပ် သဘောမျိုးမြေအရောင်းအဝယ် စာချုပ် ချုပ်ဆိုလက်ရောက်ရယူပြီး သက်ဆိုင်ရာ မြေယာဌာနမှာ မြေငှားဂရန်လျှောက် ထားရမှာဖြစ်ပါတယ်''


ဆက်လက်ပြီး ''စလစ်မြေဆိုတာ‌ရောရောင်းဝယ်လို့ရပါသလား၊ ဘယ်လိုမြေ အမျိုးအစားပါလဲ''


'စလစ်မြေဆိုသည်မှာ အိမ်ဆောက်လုပ်နေထိုင်ခွင့်ရထားတဲ့ မြေအမျိုးအစားဖြစ်ပါပြီး  များသောအားဖြင့် လယ်ယာမြေဥယျာဉ်ခြံမြေတွေကို သက်ဆိုင်ရာဌာန ဒါမှမဟုတ် အစိုးရက မြေချပေးခြင်းသဘောဖြစ်ပါသည်။


''တစ်နည်းအားဖြင့် ကျူးကျော်နေထိုင်သူတွေကို နေထိုင်ဖို့မြေ နေရာချပေးတာမျိုးပေါ့။ ဒဂုံမြို့သစ်၊ လှိုင်သာယာ၊နေပြည်တော်ရှိ အချို့ ရပ်ကွက်တွေမှာ မြေချစလစ်တွေရှိပါတယ်''





မြေချစလစ်ရှိတဲ့သူထံက စလစ်စာရွက်ရယူပြီး အရောင်းအဝယ်စာ ချုပ် ချုပ်ဆိုဝယ်ယူနိုင်သည်။ စလစ်၊ ပါမစ်၊ ဂရန်စတဲ့ စာရွက်တွေအနေနဲ့ အမှန်တကယ်ဟုတ် မဟုတ်ကိုတော့ သက်ဆိုင်ရာ မြေစာရင်းဌာန မှာ သွားရောက်စုံစမ်းဖို့တော့ လိုပါမည်။


''အချို့က ပြောတော့ စလစ်မြေက စိတ်မချရဘူး။ ပါမစ်မြေက ပိုသေချာတယ်လို့ ပြောကြတယ်'' 'ဂရန်အဆင့်ရှိတဲ့ မြေကွက်ကတော့ အကောင်းဆုံးဖြစ်ပါသည်။ သို့သော် ဂရန်အဆင့်ရရှိထားတဲ့ မြေကွက်က တန်ဖိုးမြင့်ပြီး တရားဝင်  အရောင်းအဝယ်ဖြစ်ဖို့ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင် စာချုပ် ချုပ်ဆိုရတယ်။ 


အိမ် တန်ဖိုးဖြတ်ပေါ် မူတည်ပြီး ဝယ်ခွန်ဆောင်ကြရတယ်။ ဒါကြောင့် ဂရန်မြေက စိတ်ချရပေမယ့် အခွန်မဆောင်ချင် ကြဘူး။ ဈေးသက်သာပြီး အရပ်ကတိအရောင်းအဝယ် စာချုပ်နဲ့ စလစ်မြေ ပါမစ်မြေတွေကို ရွေးချယ်ဝယ်ကြ တာတွေဖြစ်လာရခြင်းဖြစ်သည်။


''ပြေစာနဲ့ ငွေသွင်းပြီးရရှိထားတဲ့ မြေကွက်ဆိုတာလည်းရှိသေးတယ်လို့  ပြောတယ်။ ဘယ်လိုကွာခြားပါသလဲ''  အထက်ပါမေးခွန်းကို ရှင်းလင်းရာ၌ပထမဆုံး စလစ်မြေဆိုတာကိုနားလည်ဖို့လိုပါမည်။





စလစ်မြေ


စလစ်မြေဆိုတာ သက်ဆိုင်ရာမြေစာရင်း ဦးစီးဌာနက ချပေးတဲ့ မြေကွက်အတွက် ထုတ်ပေးတဲ့ စလစ်စာရွက်ရှိ မြေကွက်ဖြစ်တယ်။ အမွေဆက်ခံခွင့် ရှိသကဲ့သို့ လွှဲပြောင်းရောင်းချခြင်းလည်း ရှိပါတယ်။ မြေချစလစ်လို့လည်း ခေါ်ကြတယ်။


အဲဒီမြေချစလစ်မှ မြေပေးအမိန့်ကို သက်ဆိုင်ရာ မြေစီမံ ခန့်ခွဲ ရေးဌာနမှာ လျှောက်ထားရယူရပါတယ်။ ထိုမှပါမစ်မြေ ဂရန်မြေအဖြစ် အဆင့်ဆင့်လျှောက်ထားရမှာ ဖြစ်သည်။


ထီယု(ဥပဒေအတိုင်ပင်ခံ)မှ ဆွေးနွေးထားသည်များမှ ရေးသားကောက်နုတ်ချက်များဖြစ်ပါသည်။


ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ


မြေအရောင်းအဝယ် စာချုပ်ချုပ်ဆိုပုံ အဆင့်ဆင့်


ဂရန်စာချုပ်ပျောက်ဆုံးပါက အသစ်လျှောက်ထားနည်းနှင့် ဂရန်အမည်ပေါက်ရယူနည်း


လယ်ယာမြေ တရားဝင်ရောင်းချနည်း


မြေအမျိုးအစား ခွဲခြားနည်း


Posted By : Sint Sint (ShweProperty.com)