By Myanmar Builders Guide, Shweproperty.com
Updated at 20 February 2019
မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီး မြို့နယ် ရေတံခွန်တောင်အနီးတွင် တည် ရှိသော မြေဧက ၅၀၀ ကျော်ပေါ်တွင် နိုင်ငံတကာအဆင့်မီ လူနေအိမ်များ၊ အင်တာနေရှင်နယ်ကျောင်းများ၊ ဆေးရုံ၊ ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်များ၊ ကစားကွင်းနှင့် ဈေးဝယ်စင်တာများပါဝင်သော မြို့ငယ်တစ်ခုကို တည်ထောင်သွားမည်ဖြစ်ကြောင်း ရေတံခွန်တောင်စီးတီး မိတ်ဆက်ပွဲအခမ်းအနားမှ သိရသည်။
ယခုစီမံကိန်းသည် မြို့ပြတွင် ကြုံတွေ့ရသည့် ယာဉ် ကြောကျပ်တည်းမှု များကို ခံစားရမည်မဟုတ်ဘဲ တောတောင် ရေမြေအလှတရားများကို ခံစားနိုင်ရန် ရည်ရွယ်ပြီး ခေတ်သစ်လူနေမှုအတွက် လိုအပ်သည့်ကျန်းမာရေး၊ ပညာရေး၊ အ လုပ်အကိုင်အခွင့်အလမ်းများပါ တစ်နေ ရာတည်းရရှိနိုင်ရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်း သိရသည်။
"Work, live, Play ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ဒီစီမံ ကိန်းကို တည်ဆောက်ခဲ့တာပါ။ ဒီနေရာ က လေထုညစ်ညမ်းမှုမရှိသလို သဘာ၀ ပတ်ဝန်းကျင်ကို သဘာဝတိုင်း ခံစား နိုင်ဖို့ သဘာဝတောအုပ်ထဲမှာ မြို့ငယ်တစ်ခုပုံစံ တည်ဆောက်ထားတာပါ။ ဒါ့အပြင် စီမံ ကိန်းရည်မှန်းချက်မှာပါတဲ့ ဒေသခံပြည် သူတွေရဲ့အလုပ်အကိုင်အခွင့်အလမ်းနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုတွေလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်" ဟု ဖွံ့ဖြိုး သစ်ကုမ္ပဏီ၏ Deputy CEO ဦးသက်လွင်ရွှေက ပြောသည်။
စီမံကိန်းအတွက်လိုအပ်သည့် မာစ တာပလန်ကို ပြင်သစ်ဗိသုကာကုမ္ပဏီ Archetype Architect Group က ရေး ဆွဲပေးခြင်းဖြစ်ပြီး မာစတာပလန်အရ စီး ပွားရေးဇုန်၊ ဂေါက်ကွင်းဇုန်၊ အိမ်ရာစခန်း များအဖြစ် ဇုန်သုံးခုပါဝင်မည်ဖြစ်ကြောင်း၊ Shop House များကို ရေကန်အား ဗဟို ပြုဝန်းရံ၍ စက်ဝိုင်းပုံဒီဇိုင်းပြုလုပ်ထားပြီး ထိုစက်ဝိုင်းကို ရှော့ပင်းစင်တာ၊ လူနေဇုန်၊ Amusement Park များဖြင့် ဝန်းရံဒီဇိုင်း ရေးဆွဲထားကြောင်း သိရသည်။
စီမံကိန်း ၏အတွင်းအပြင်ဧရိယာများအားလုံးတွင် လမ်းမလမ်းသွယ်များဖြင့် လွယ်ကူစွာ ဝင် ထွက်သွားလာနိုင်ရန် စီစဉ်ထားပြီး ယခု လက်ရှိသိပ္ပံလမ်းမကြီးအား ရေတံခွန် တောင် စီးတီးအိမ်ရာအထိ တိုးချဲ့ဖောက် လုပ်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအ တွင်း အိမ်ရာအခန်းပေါင်း ၄၀၀ ကျော်ပါ ဝင်မည်ဖြစ်ပြီး မြေဧက ၃၀ နီးပါးတွင် Water Park ကြီးတစ်ခုကိုလည်း တည် ဆောက်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်း ကာလမှာ ခုနစ်နှစ်ခန့်ကြာမြင့်မည်ဖြစ် ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ