By The Kumudra, Shweproperty.com
Updated at 9 February 2015
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တာဝန်ယူရောင်းချတဲ့ ရွှေမြယာအဆင့်မြင့်အိမ်ရာရဲ့ အခန်းတွေကို ဝယ်ယူခွင့်ရရှိထားသူတွေအနေနဲ့ မဲပေါက်တဲ့နေ့က စပြီး နှစ်ပတ်အတွင်းသက်ဆိုင်ရာဌာနမှာ ကျသင့်တဲ့အခန်းတန်ဖိုး လာရောက်ပေးသွင်းရမယ်လို့ သိရပါတယ်။
အိမ်ရာအတွက် မဲနှိုက်ရွေးချယ်မှုကို ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်နေ့က မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမမှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သည်အိမ်ရာမှာ အခန်းပေါင်း ၇၆ ခန်းပါဝင်ပြီး လျှောက်ထားသူအရေအတွက် ၃၉၈ ဦးရှိတယ်လို့ သိရပါတယ်။
ထိုအဆင့်မြင့်အိမ်ရာစီမံကိန်းကို မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမှာ ငပလီဆောက်လုပ်ရေးကုမ္ပဏီလီမိတက်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့က အကျိုးတူပူပေါင်း တည်ဆောက်တာဖြစ်ပါတယ်။ တည်ဆောက်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးနေပြီး မြေအောက်ကားပါကင် အပါအဝင် ရှစ်ထပ်အဆောက်အအုံ ဆောက်လုပ် အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။
"ငွေပေးသွင်းတာတွေကိုု သတ်မှတ်ထားတဲ့ အရစ်ကျပုံစံအတိုင်း သွင်းရမှာ၊ ဒီအိမ်ရာတွေက အဆင့်မြင့်အိမ်ရာတွေ ဖြစ်တော့ လာလျှောက်တဲ့သူတွေကလည် အများကြီးမဟုတ်လို့ မဲနှိုက်ရွေးထားတာ"လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကောမတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဆိုပါအိမ်ရာစီမံကိန်းမှာ အဆောက်အအုံ A နဲ့ B နှစ်မျိုးရှိပြီး အဆောက်အအုံ A ရဲ့အကျယ်အဝန်းက ၂၂၀၃ စတုရန်းပေနဲ့ အဆောက်အအုံ B ရဲ့အကျယ်အဝန်းကတော့ ၂၆၈၃.၅ စတုရန်းပေတို့ ဖြစ်ပါတယ်။
အရစ်ကျပေးချေမှု ပုံစံကတော့ အခန်းဝယ်ယူခွင့်ရတဲ့နေ့မှာ ၅၀ ရာခိုင်နှုန်း ကျန်တဲ့တစ်လ၊ နှစ်လ နဲ့ သုံးလတွေမှာ တော့ ၁၅ ရာခိုင်နှုန်းစီနဲ့ အခန်းလွှဲပြောင်းတဲ့နေ့မှာ ငါးရာခိုင်နှုန်း အရစ်ကျပေးသွင်းရမှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စည်ပင်သာယာရေးကော်မတီက အဆင့်မြင့်အိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာတွေကို ဆောက်လုပ် အကောင်အထည်ဖော်လျက်ရှိပြီး လာမယ့့် ၂၀၁၅ ခုနှစ်မှာ အိမ်ရာပေါင်း ၁၅၀၀ ဝန်းကျင်ခန့် နေထိုင်ခွင့်ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref : The Kumudra
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ