By Ra Wai, Shweproperty.com
Updated at 24 February 2022
ဆရာကျကျမီးဖိုချောင် ဝင်နိုင်ဖို့ ဆိုတာဟာ ချက်ပြုတ်တတ်ရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။မီးဖိုချောင်ထဲက တစ်ချို့ကိစ္စလေးတွေဟာ ဖြေရှင်းနည်း မသိရင်တော့ အရမ်းခက်ပေမယ့် သိသွားရင်တော့ အရမ်းလွယ်ကူပါတယ်။ ဒါကြောင့်မီးဖိုချောင်ထဲက အသေးအမွှားပြဿနာလေးတွေကို အောက်မှာေ ဖာ်ပြထားတဲ့ နည်းလမ်းလေးတွေကို သုံးပြီး ဖြေရှင်းလို့ရပါတယ်။ (၁)ကိတ်မုန့်ကို လှလှပပ ပုံမပျက်ခွဲနည်း ကိတ်မုန့်ကို မခွဲတတ်ရင် ပုံပျက်ပန်းပျက်ဖြစ်ကုန်ပါတယ်။ဒါကြောင့် ကိတ်မုန့်ေ လးတွေကို လှလှပပ ပုံမပျက်ခွဲချင်ရင်တော့ အရင်ဆုံးဓါးကို ရေနွေးပူပူထဲမှာ ထည့်စိမ်(ဒါမှမဟုတ်)ရေနွေးပူပူနဲ့လောင်းချလိုက်ပါ။ (၂)ရေခဲတုံးအကြည်လေးကို လိုချင်ရင်.. ရေခဲသေတ္တာထဲမှာ ရေခဲအကြည်လေးတွေ လိုချင်တယ်ဆိုရင်တော့ ဒီအတိုင်းရိုး ရိုးရေသန့်ကိုမသုံးပဲ ဆူအောင်တည်ပြီးမှ အဲ့ဒီရေကိုသုံးပါ။ (၃)သံပရာ၊သံပရိုအရည်ရွှမ်းချင်ရင်.. မလှီးခင်မှာ ပုံထဲက အတိုင်းလှိမ့်ပါ။ပြီးမှာ အရည်ညှစ်ပါ။အရည်ပိုရွှမ်းပါတယ်။ (၄)ငှက်ပျောသီးကို အခွံမခွာပဲ လှီးနည်း ငှက်ပျော်သီးကို အလုံးလိုက်ချပေမယ့် အထဲမှာ သူ့ဟာနဲ့သူ အတုံးလေးတွေ လှီးပြီးသားဖြစ်နေချင်ရင်တော့ အပ်တစ်ချောင်းကို ပုံထဲက အတိုင်းစိုက်ပါ။ ပြီးရင် အပ်ကို အထဲမှာ ဘယ်ညာလှည့်ပါ။ပြီးရင်အပ်ကိုဖယ်ပါ။ (၅)ခရမ်းချဉ်သီး အခွံခွာနည်း ခရမ်းချဉ်သီးရဲ့ အောက်ခြေကို X ပုံစံလှီးပါ။ပြီးရင် ဆူနေတဲ့ ရေထဲကို (၁၀)စက္ကန့်လောက်ထည့်ပါ။အဲ့ဒါဆိုရင်တော့ အလွယ်တကူ အခွံခွာနိုင် ပါလိမ့်မယ်။ (၆)အစားအစာအလေအလွင့်မဖြစ်ရအောင် တစ်ခါတစ်လေမှာ ဝယ်ထားတဲ့ စားစရာတွေကို စားဖို့ မေ့သွားလို့ အလေ အလွင့်ဖြစ်ရတတ်ပါတယ်။ဒါကြောင့် ဒီလိုမဖြစ်ရအောင် အကြာကြီး ထားပြီး စားလို့မရတဲ့ အစားအစာတွေကို ရေခဲသေတ္တာထဲမှာ BOX တစ်ခုနဲ့ သပ်သပ်ထည့်ပါ။အဲ့ဒီBOX မှာ EAT ME FIRST လို့ စာကပ်ထားပါ။အဲ့ ဒါဆိုရင်တော့ မမေ့တော့ပါဘူး။ (၇)လိမ္မော်သီး လိမ္မော်သီးကို သမရိုးကျပုံအတိုင်း အခွံနွှာမယ့်အစား ပုံထဲက အတိုင်း အလွယ်ေ လးနွှာလို့ရပါတယ်။အချိန်ကုန်အရမ်းသက်သာပါတယ်။ထိပ်ပိတ်၊နောက်ပိတ်ကို ဓါးနဲ့လှီး၊အလယ်ကို ဓါးလေးနဲ့ခြမ်းပြီးတော့ ဆွဲလိုက်ရုံပါပဲ။ လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ သင်မထင်ထားတဲ့ သင့်မီးဖိုချောင်ထဲက အညစ်ပတ်ဆုံးအရာ နည်းစနစ်ကျကျ အိမ်သန့်ရှင်းရေး လုပ်ကြမယ် အင်းဆက်ပိုးမွှားတွေကို ဖယ်ရှားပေးနိုင်မယ့် သဘာဝနည်းလမ်းကောင်းများ အဝတ်လျှော်စက်များကို ပုံမှန်သန့်ရှင်းရေး ပြုလုပ်ပေးသင့်သည့် အကြောင်း Credit By: Shwemon Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ