By Myanmar Property Journal, Shweproperty.com
Updated at 31 July 2013
တောင်ဒဂုံမြို့နယ်အတွင်းရှိ အိမ်ရာစီမံကိန်း ပတ်ဝန်းကျင်တစ်ဝိုက် မြေ ဈေးနှုန်းများမှာ ယခုရက်ပိုင်းအတွင်း နှစ်ဆခန့် မြင့်တက်လာကြောင်း တောင်ဒဂုံမြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ သတင်း ရရှိသည်။
မြို့တော်စည်ပင်မှ အကောင်အထည်ဖော် တည်ဆောက်မည့် ဧရာဝဏ် တန်ဖိုးမျှတအိမ်ရာစီမံကိန်း တည်ရှိရာယူအီးဝမ်းရပ်ကွက်၌ ရက်ပိုင်းအတွင်း မြေဈေးနှုန်းများ မြင့်တက်လာပြီး ယခင်က ပေ ၄၀x၆၀ မြေကွက်တစ်ကွက်လျှင် ငွေကျပ် သိန်းတစ်ရာဝန်းကျင်ရှိသော်လည်း ယခုအခါ ငွေကျပ်သိန်းနှစ်ရာဝန်း ကျင်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
“မြေဈေးတွေက နှစ်ဆလောက်ကို မြင့်တက်လာတာ၊ ရက်ပိုင်းပဲ ရှိသေးတယ်၊ လူနေအိမ်တွေ မပါဘူး၊ မြေကွက်တွေ အရောင်းအဝယ်ဖြစ် နေတာ၊ အိမ်ရာစီမံကိန်းနား တစ်ဝိုက် မြေဈေးကတော့ ထပ်ပြီး တက်ဖို့ပဲရှိတယ်”ဟု ‘ကြယ်သုံးလုံး အိမ်၊ ခြံ၊ မြေ အကျိုးဆောင်’မှ ဦးကိုကြီးက ပြောသည်။
အဆိုပါ စီမံကိန်းဝန်းကျင် တစ်ဝိုက်ရှိ မြေကွက်များအား လာရောက် ဝယ်ယူသူ အများစုမှာ ရင်းနှီးမြှုပ်နှံ ရန်အတွက်ဖြစ်ပြီး မြန်မာနိုင်ငံ အထက်ပိုင်းမှ လုပ်ငန်းရှင်များ လာရောက်ဝယ်ယူမှု များကြောင်း၊ ထို့ ပြင် စီမံကိန်းဝန်းကျင်တစ်ဝိုက်ရှိ မြေကွက်ဈေးနှုန်းများ သာမက တောင်ဒဂုံ မြို့နယ်အတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေး နှုန်းများမှာလည်း လိုက်ပါ မြင့်တက်လျက်ရှိပြီး ပြည်ထောင်စုလမ်းမ တန်းတစ်လျှောက်ရှိ မြေကွက်တစ် ကွက်လျှင် ကျပ်သိန်းငါးရာမှ ခုနစ်ရာ ဝန်းကျင်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ