By Shweproperty.com, Shweproperty.com
Updated at 10 December 2015
တောင်ဒဂုံမြို့နယ်ရှိ အငှားအိမ်ယာအတွက် ငှားရမ်းနေထိုင်ခွင့် လျှောက်လွှာတင်ကြမည့် သူများအနေဖြင့် အိမ်ယာ အမှန်တကယ် ပိုင်ဆိုင်မှုမရှိကြောင်း ကိုယ်တိုင်ခံဝန်ချက်ဖြင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးတို့ရဲ့ ထောက်ခံချက်တွေပါ တင်ပြရမယ်လို့ သိရပါတယ်။
ငှားရမ်းနေထိုင်ခွင့်လျှောက်လွှာကို ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ (၁၅) ရက်နေ့အတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လျှောက်ထားရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့ ဦးရေက အခန်းအရေအတွက်ထက် ပိုများနေရင် မဲစနစ်ဖြင့် ငှားရမ်းခွင့်ပြုမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလ (၁) ရက်နေ့က ပြုလုပ်တဲ့ တိုင်းလွှတ်တော် အထူးအစည်းအဝေးမှာ ပြောကြားပါတယ်။
အငှားအိမ်ရာကို တောင်ဒဂုံ အမှတ် (၂) လမ်းမကြီးနှင့် မဟာန္ဓုလ လမ်းထောင့်ရှိ မြေ (၁၂.၅၃၄) ဧက အကျယ်မှာ အခန်း (၈) ခန်းတွဲပါ (၆) ထပ်အမြင့် တည်ဆောက်မှာ ဖြစ်ပါတယ်။ အခန်းပေါင်း (၂၀၀၀) ခန့်ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အငှားအိမ်ယာအတွက် ငှားရမ်းနေထိုင်ခွင့် ပြုမယ့်နှုန်းထားကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Shweproperty.com
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ