By Myanmar Builders Guide, Shweproperty.com
Updated at 19 November 2019
#Unicode
ရွှေပြည်သာမြို့နယ်မှ ကျူးကျော်များအတွက် နေအိမ်ဆောက်လုပ်ပြီးစီးပါက တောင်ဒဂုံနှင့် အရှေ့ဒဂုံမြို့နယ်တွင် အိမ်အလုံးရေ ၈၀၀ ခန့်ဆက်လက် ဆောက်လုပ်ရန် စီစဉ်နေသည်ဟု ယင်းအိမ်ရာ စီမံကိန်းအကောင်အထည် ဖော်နေသည့် Women for the World အဖွဲ့ ဒါရိုက်တာဒေါ်ဗန်လီဇာအောင် က ပြောကြားခဲ့သည်။
ကျူးကျော်များအတွက် နေအိမ်ဆောက်လုပ်ခြင်းကို ရွှေပြည်သာမြို့နယ်၌ စတင်အကောင်အထည်ဖော်နေပြီး လက်ရှိတွင် တည်ဆောက်ရေးလုပ်ငန်း ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးပြီဟု ၎င်းကဆိုသည်။
ယင်းမြို့နယ်တွင် နေအိမ် ၂၆၄ လုံး ဆောက်လုပ်နေကာ ဒီဇင်ဘာလဆန်း၌ တည်ဆောက်ရေးလုပ်ငန်းပြီးစီးကာ နေထိုင်ခွင့် ရရှိထားသူများ ဒီဇင်ဘာလကုန် တွင် နေထိုင်ခွင့်ရရှိမည် ဖြစ်သည်။
ထို့နောက် ဒုတိယစီမံကိန်း အဖြစ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အိမ် ၄၅၀ နှင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ အိမ် ၃၀၀ ခန့် ဆောက်လုပ်မည့် စီမံကိန်းကို ဒီဇင်ဘာလဆန်းပိုင်း၌ စတင်ရန် ပြင်ဆင်နေသည်ဟု ဒေါ်ဗန်လီဇာအောင်က ဆိုသည်။
‘‘မြေနေရာတွေကိုတော့ ကြည့်ပြီးပြီ။ ခွင့်ပြုချက်ရပြီဆို တာနဲ့ စလုပ်မှာပါ။ တည်ဆောက်ရေးလုပ်ငန်း ပညာရှင်တွေက လည်း ဆောက်လုပ်မယ့် နေအိမ်တွေရဲ့ ဒီဇိုင်းနဲ့ ကုန်ကျစရိတ် တွေကို လေ့လာတွက်ချက်နေ တယ်’’ဟု ၎င်းကပြောသည်။
ရွှေပြည်သာမြို့နယ်တွင် ဆောက်လုပ်နေသည့် နေအိမ်များသည် တစ်လုံးလျှင် ကျပ်သိန်း ၃၀ ကျသင့်ပြီး နေထိုင်သူများကတစ်လလျှင် ကျပ်ရှစ်သောင်းခန့်ဖြင့် လ ၇၀ ကြာ လစဉ်ပေးသွင်း ရမည်ဖြစ်သည်။
ယင်းနေအိမ်များအတွက် ရေနှင့် လျှပ်စစ်မီးရရှိရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရက စီစဉ်ပေးမည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ ကျူးကျော်နေထိုင်သူ များအနက် စီမံကိန်းနေအိမ်တွင်နေထိုင်လိုသူ အများစုသည် တစ်လလျှင် ကျပ်ငါးသောင်းသာ အများဆုံးပေးသွင်းနိုင်သဖြင့် ကုန်ကျစရိတ် ပိုမိုသက်သာနိုင်မည့် အိမ်ဒီဇိုင်းကို ပြန်လည်တွက်ချက် နေရသည်ဟု ဒေါ်ဗန်လီဇာအောင် က ဆိုသည်။
‘‘အိမ်အကျယ်ကို ချုံ့လိုက်ပြီး မြေကိုအပိုပေးလိုက်မယ်ဆိုရင်တော့ ကုန်ကျစရိတ်က ကျပ် ၁၅ သိန်းလည်း ဖြစ်နိုင်တယ်။ သိန်း ၂၀ လောက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ကျွန်မတို့ ရည်ရွယ်ချက်က အများသက် သာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့နဲ့ လုံခြုံစွာ နေထိုင်နိုင်ဖို့ ဖြစ်ပါတယ်’’ဟု ၎င်းကပြောသည်။
#Zawgyi
ေ႐ႊျပည္သာၿမိဳ႕နယ္မွ က်ဴးေက်ာ္မ်ားအတြက္ ေနအိမ္ေဆာက္လုပ္ၿပီးစီးပါက ေတာင္ဒဂုံႏွင့္ အေရွ႕ဒဂုံၿမိဳ႕နယ္တြင္ အိမ္အလုံးေရ ၈၀၀ ခန႔္ဆက္လက္ ေဆာက္လုပ္ရန္ စီစဥ္ေနသည္ဟု ယင္းအိမ္ရာ စီမံကိန္းအေကာင္အထည္ ေဖာ္ေနသည့္ Women for the World အဖြဲ႕ ဒါ႐ိုက္တာေဒၚဗန္လီဇာေအာင္ က ေျပာၾကားခဲ့သည္။
က်ဴးေက်ာ္မ်ားအတြက္ ေနအိမ္ေဆာက္လုပ္ျခင္းကို ေ႐ႊျပည္သာၿမိဳ႕နယ္၌ စတင္အေကာင္အထည္ေဖာ္ေနၿပီး လက္ရွိတြင္ တည္ေဆာက္ေရးလုပ္ငန္း ၆၀ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးၿပီဟု ၎ကဆိုသည္။
ယင္းၿမိဳ႕နယ္တြင္ ေနအိမ္ ၂၆၄ လုံး ေဆာက္လုပ္ေနကာ ဒီဇင္ဘာလဆန္း၌ တည္ေဆာက္ေရးလုပ္ငန္းၿပီးစီးကာ ေနထိုင္ခြင့္ ရရွိထားသူမ်ား ဒီဇင္ဘာလကုန္ တြင္ ေနထိုင္ခြင့္ရရွိမည္ ျဖစ္သည္။
ထို႔ေနာက္ ဒုတိယစီမံကိန္း အျဖစ္ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)ၿမိဳ႕နယ္တြင္ အိမ္ ၄၅၀ ႏွင့္ ဒဂုံၿမိဳ႕သစ္(အေရွ႕ပိုင္း) ၿမိဳ႕နယ္၌ အိမ္ ၃၀၀ ခန႔္ ေဆာက္လုပ္မည့္ စီမံကိန္းကို ဒီဇင္ဘာလဆန္းပိုင္း၌ စတင္ရန္ ျပင္ဆင္ေနသည္ဟု ေဒၚဗန္လီဇာေအာင္က ဆိုသည္။
‘‘ေျမေနရာေတြကိုေတာ့ ၾကည့္ၿပီးၿပီ။ ခြင့္ျပဳခ်က္ရၿပီဆို တာနဲ႔ စလုပ္မွာပါ။ တည္ေဆာက္ေရးလုပ္ငန္း ပညာရွင္ေတြက လည္း ေဆာက္လုပ္မယ့္ ေနအိမ္ေတြရဲ႕ ဒီဇိုင္းနဲ႔ ကုန္က်စရိတ္ ေတြကို ေလ့လာတြက္ခ်က္ေန တယ္’’ဟု ၎ကေျပာသည္။
ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ေဆာက္လုပ္ေနသည့္ ေနအိမ္မ်ားသည္ တစ္လုံးလွ်င္ က်ပ္သိန္း ၃၀ က်သင့္ၿပီး ေနထိုင္သူမ်ားကတစ္လလွ်င္ က်ပ္ရွစ္ေသာင္းခန႔္ျဖင့္ လ ၇၀ ၾကာ လစဥ္ေပးသြင္း ရမည္ျဖစ္သည္။
ယင္းေနအိမ္မ်ားအတြက္ ေရႏွင့္ လွ်ပ္စစ္မီးရရွိရန္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရက စီစဥ္ေပးမည္ဟုလည္း သတင္းထုတ္ျပန္ထားသည္။
ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ရွိ က်ဴးေက်ာ္ေနထိုင္သူ မ်ားအနက္ စီမံကိန္းေနအိမ္တြင္ေနထိုင္လိုသူ အမ်ားစုသည္ တစ္လလွ်င္ က်ပ္ငါးေသာင္းသာ အမ်ားဆုံးေပးသြင္းႏိုင္သျဖင့္ ကုန္က်စရိတ္ ပိုမိုသက္သာႏိုင္မည့္ အိမ္ဒီဇိုင္းကို ျပန္လည္တြက္ခ်က္ ေနရသည္ဟု ေဒၚဗန္လီဇာေအာင္ က ဆိုသည္။
‘‘အိမ္အက်ယ္ကို ခ်ဳံ႕လိုက္ၿပီး ေျမကိုအပိုေပးလိုက္မယ္ဆိုရင္ေတာ့ ကုန္က်စရိတ္က က်ပ္ ၁၅ သိန္းလည္း ျဖစ္ႏိုင္တယ္။ သိန္း ၂၀ ေလာက္လည္း ျဖစ္ခ်င္ျဖစ္သြားႏိုင္တယ္။ ကြၽန္မတို႔ ရည္႐ြယ္ခ်က္က အမ်ားသက္ သာေပ်ာ္႐ႊင္စြာ ေနထိုင္ႏိုင္ဖို႔နဲ႔ လုံၿခဳံစြာ ေနထိုင္ႏိုင္ဖို႔ ျဖစ္ပါတယ္’’ဟု ၎ကေျပာသည္။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ