ကိုယ့်ရဲ့အိမ်နံပတ်က သာမန်နံပတ်တစ်ခုလို့ထင်ရပေမယ့် တကယ်တမ်းမှာ ကိုယ့်ဘဝအတွက် အလွန်အရေးပါတဲ့အရာတစ်ခုဆိုတာကိုရောသိရဲ့လား ။အိမ်နံပတ်တွေဟာကိုယ့်အတွက် ထူးခြားတဲ့ဖြစ်စဉ်တွေပေးစွမ်းနိုင်သလို ဆိုးကျိုးတွေကိုလည်းပေးစွမ်းနိုင်တဲ့အရာတွေပါ ။ဒီတော့ ..သင့်အိမ်နံပတ်က ဘယ်လောက်လဲ ။
 
သင့်အိမ်နံပတ်က ဂဏန်းတစ်လုံးထဲဆိုရင်တော့ သက်ဆိုင်တဲ့နံပတ်ကိုဖတ်ကြည့်ပါ ။ဂဏန်း ၂ လုံးဖြစ်နေရင်တော့…ဥပမာ ၇၉ ဆိုရင် ၇+၉=၁၆ ၊ ၁+၆=၇ … ၇ ကိုဖတ်ရမှာပဲဖြစ်ပါတယ်။ ၁၀ ဆိုရင်တော့ ၁ နဲ့ ၀ ပေါင်းစရာမလိုပါဘူး။
 
အိမ်နံပတ် ၁
 
ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ စွန့်စားရတာကြိုက်နှစ်သက်ပြီး ကိုယ့်ကိုယ်ကိုရှေ့တန်းတင်တတ်တဲ့သူတွေပါ ။အခြေအနေတိုင်းကိုလည်း ဝရုန်းသုန်းကားဖြစ်အောင်လုပ်တတ်ကြတဲ့သူတွေပါ။
 


အိမ်နံပတ် ၂
 
မိသားစုကိုချစ်ခင်တဲ့ သူတွေနေတဲ့အိမ်ပါပဲ ။အေးချမ်းမှု နဲ့ ကြင်နာမှုတရားတွေလွှမ်းခြုံနေတဲ့ အိမ်လေးတစ်လုံးပါ ။
 
အိမ်နံပတ် ၃
 
လွတ်လပ်စွာတွေးခေါ်တတ်ပြီး ဘဝရဲ့အဓိပ္ပါယ်တွေကို ရှာဖွေနေတတ်တဲ့သူမျိုးတွေပါ ။တစ်ခါတစ်လေမှာတော့ သူတို့အတွက် မှန်းချက်နဲ့ နှမ်းထွက်မကိုက်တာမျိုးရှိတတ်ပါတယ် ။
 
အိမ်နံပတ် ၄
 
ကျောက်ရုပ်တစ်ခုလို ခိုင်မာတဲ့သူတွေနေထိုင်တဲ့ အိမ်တစ်လုံးပါ ။မကောင်းတဲ့ကံကြမ္မာတွေ သူတို့ဆီ ဝင်ရောက်မလာနိုင်သလို ပျော်ရွှင်မှုတွေလည်း ရောက်မလာနိုင်ပါဘူး။
 
 
အိမ်နံပတ် ၅
 
အလွန်တက်ကြွတဲ့သူတွေနေထိုင်တဲ့အိမ်ပါ ။အမြဲတမ်းအင်အားအပြည့်နဲ့ ရှေ့ဆက်ပြီး ဘယ်အရာမဆိုမနားတမ်းလုပ်ဆောင်နေတဲ့သူတွေပါ ။သူတို့ရဲ့အားနည်းချက်ကတော့ အချိန်ခနတာပျော်ရွှင်မှုတွေကို ငွေအများအပြားသုံးပြီးရှာဖွေတတ်ကြခြင်းပါပဲ ။
 
အိမ်နံပတ် ၆
 
ဒီအိမ်မှာနေထိုင်တဲ့သူတွေကတော့ တိတ်ဆိတ်စွာနေထိုင်ကြလေ့ရှိပါတယ်။ဒါပေမယ့် ကိုယ့်ကိုယ်ရော အိမ်နီးချင်းတွေကိုပါ ဂရုစိုက်တတ်တဲ့သူတွေဖြစ်ပြီးတော့ အလွန်အေးဆေးတည်ငြိမ်တဲ့သူတွေပါ ။
 


အိမ်နံပတ် ၇
 
ဘဝမှာလမ်းပျောက်နေပြီး ရည်ရွယ်ချက်တစ်ခုကို ရှာဖွေနေတဲ့သူတွေကတော့ ဒီအိမ်မှာနေထိုင်ကြလေ့ရှိပါတယ်။သူတို့ဟာ အခွင့်အရေးတစ်ခုရောက်မလာမချင်း လမ်းပျောက်နေတတ်ကြတဲ့သူတွေပါ ။
 
အိမ်နံပတ် ၈
 
အလုပ်ကို တန်ဖိုးထားတတ်တဲ့သူတွေဖြစ်ပြီး တရားမျှတမှုကို ဦးစားပေးတတ်တဲ့သူတွေပါ ။ခေါင်းဆောင်ကောင်းတစ်ယောက်ရဲ့ အိမ်တစ်ခုလို့ပြောရမှာဖြစ်ပြီး အလွန်တာဝန်ယူတတ်တဲ့အတွက် လူတွေကြားမှာအောင်မြင်ကျော်ကြားတဲ့သူတွေနေထိုင်တဲ့အိမ်ပဲဖြစ်ပါတယ်။
 
အိမ်နံပတ် ၉
 
ဒီအိမ်မှာနေတဲ့သူတွေကတော့ ခေါင်းမာတယ် ။ကိုယ်ရွေးချယ်လိုက်တဲ့ကိစ္စတစ်ခုက မအောင်မြင်ရင်တော့ အတွေ့အကြုံရတယ်လို့သဘောထားပြီး ခေါင်းမာမာနဲ့ရှေ့ဆက်တဲ့သူတွေပါ ။
 
အိမ်နံပတ် ၁၀
 
အချိန်အခါကောင်းတစ်ခုကို စောင့်ဆိုင်းနေတဲ့သူတွေနေထိုင်တဲ့အိမ်ပါ ။ဘဝမှာ ဆိုးရွားတဲ့ အချိုးအကွေ့တစ်ခုကြုံပြီးနောက် အချိန်ကောင်းတွေရောက်လာအောင် စောင့်ဆိုင်းနေတဲ့သူတွေဟာ အိမ်နံပတ် ၁၀ မှာ စတည်းချနေလေ့ရှိကြပါတယ်။
 
ဖတ်ရှမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
 
လှေဦးတိုက် လှည်းဦးတိုက် အိမ်တွေမှာ အညံ့ကင်းအောင်လုပ်နည်းနှင့် အိမ်ထောင်ဦးစီးနေ့နံအလိုက် မလှည့်အပ်သော အိမ်တို့အရပ် 
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ ဒီလိုအိမ်မျိုးတွေပါ 
ဘုမ္မိအရပ်နဲ့ အိမ်မျက်နှာစာ အကြောင်း 
အငှားချထားသည့် အစိုးရတိုက်ခန်းကို မဝယ်မိစေဖို့
 
 
Ref : Xyznews
Posted By : Sint Sint (ShweProperty.com)