By mizzima, Shweproperty.com
Updated at 1 July 2013
အထူးကိုယ်စားလှယ်လွှဲစာ (Special Power) ဖြင့် ဆောင်ရွက်မှုအား သက်တမ်းသုံးနှစ်အထိ တိုးမြှင့်ခွင့်ပြုလိုက်ခြင်းကြောင့် တုံ့ဆိုင်းနေ သောအရောင်းအဝယ် ပြန်လည်သွက်လာ နိုင်ကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းအသိုင်းအဝိုင်းက မဇ္ဈိမသို့ ပြောကြားလိုက် သည်။
အိမ်ခြံမြေဈေးကွက်အတွင်း ဝယ်ရောင်း သမားများ ဈေးကစားခြင်း မရှိစေရန်ဟုဆို ကာ အထူးကိုယ်စားလှယ်လွှဲစာဖြင့် ရောင်း ဝယ်မှုကို ပြီးခဲ့သည့်နှစ်က တစ်နှစ်သက်တမ်း ကန့်သတ်လိုက်ရာမှ ယခုဇွန်လမှစတင်ကာ သက်တမ်းသုံးနှစ်သို့ ပြန်လည်တိုးမြှင့်ခွင့်ပြု ပေးလိုက်ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း မှ ပြန်ကြားရေးတာဝန်ခံ ဦးခင်မောင်အေးက ''အရင်က ပါဝါသက်တမ်း တစ်နှစ်ပြည့်တာနဲ့ နာမည်ဝင်ပြီး အခွန်ဆောင်ရပြီလေ။ အဲဒါက ဝယ်ရောင်းတွေကျတော့ နည်းနည်းလေးအခွန် ရှောင်ချင်တဲ့အတိုင်းအတာမှာ မရှောင်ရအောင် လုပ်ထားတာပေါ့။ အခုတော့ တစ်ထစ်လျှော့ လာတာပေါ့။ တစ်ထစ်လျှော့လာတာ သုံးနှစ် အထိအောင် ပေးလိုက်တာဖြစ်တဲ့အတွက် ဝယ် ရောင်းတွေအတွက် အချိန်ပိုရသွားပြီ။ အရောင်း အဝယ်တွေကတော့ နေရာစုံတော်တော်လေး ပိုသွက်လာဦးမယ်''ဟု ပြောသည်။
၂ဝ၁၂ ခုနှစ်တွင် အိမ်ခြံမြေရောင်းဝယ်မှု ၌ ဝင်ငွေရလမ်းမဖော်ပြနိုင်သော ရောင်းဝယ် မှုများကို အခွန်ငွေ ၃၇ ရာခိုင်နှုန်းအထိ တိုး မြှင့်လိုက်ခြင်းကြောင့် ယင်းအချိန်နောက်ပိုင်းမှ စတင်ကာ ပုံမှန်အရောင်းအဝယ် တုံ့နှေးသွား ကြောင်း ယင်းတို့က ပြောကြားသည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ