By kumudra, Shweproperty.com
Updated at 10 July 2014
ရွှေပြည်သာမြို့နယ်ရှိ ဆိုင်ခန်းပိုင်ရှင်တချို့ ဆိုင်ခန်းငှားခကို သုံးဆနီးပါးလောက် ထပ်တိုးတောင်းတာတွေ ရှိလာတယ်လို့ အကျိုးဆောင်တစ်ချို့ထံမှ သိရပါတယ်။
'ဒီဆိုင်ခန်းက ဆောက်ထားတာ သိပ်တော့မကြာသေးဘူး၊ အခုဆိုင်ခန်းငှားခကို တစ်လ ၅၀၀,၀၀၀၊ ၆၀၀,၀၀၀ ရမှငှားမယ် လုပ်နေတယ်၊ လက်ရှိတခြားဘေး ဆိုင်ခန်းတွေတောင် ၁၀၀,၀၀၀ကျော်ဝန်းကျင်ပဲရှိတယ်၊ သူတို့ တိုးတောင်းတာ သူဌေးဈေးလို ဖြစ်နေတယ်၊ အငှားလဲအခု အထိ မရသေးဘူး' လို့ ရွှေပြည်သာမြို့နယ်မှ အာရှမြေ အိမ်ခြံမြေအကျိုးဆောင်မှ ကိုပိုင်မြင့်ကပြောပါတယ်။
အခုနောက်ပိုင်းဆိုင်ခန်းငှားခတွေမှာ အရင်ထက် သုံးပုံတစ်ပုံလောက်တက်လာတယ်လို့ သိရပါတယ်။
အရင်ထက် အငှားဈေး အသင့်အတင့်ရှိတဲ့ ဆိုင်ခန်းငှားခတွေမှာ တစ်လကိုကျပ် နှစ်သိန်းကနေ ကျပ်သုံးသိန်းအထိ ဈေးတက်ပေမဲ့ အငှားသွက်နေတယ်လို့ သိရပါတယ်။
'ဆိုင်ခန်းအငှားရော အရောင်းရော အရင်ထက်ဈေးတက်ပေမဲ့အငှားသွက်တယ် အရောင်းအဝယ်လဲ ဖြစ်တယ် လမ်းမတန်းဘက်တွေဆိုရင်တော့ ဈေးပိုတက်တယ် ဈေးအမြင့်ကြီးတော့တက်နေတာမဟုတ်ဘူး' လို့ ကိုပိုင်မြင့်ကပဲပြောပါတယ်။
လမ်းမတန်းက ၉ ပေ x ၂၅ ပေ ကျယ်ရှိတဲ့ ဆိုင်ခန်းဆိုရင် ဆိုင်ခန်းငှားခ တစ်လကို တစ်သိန်းကျော်ဝန်းကျင်ရှိပါတယ်၊ လမ်းအတွင်းဘက်ဆိုရင်တော့ တစ်လကို ရှစ်သောင်းကျော်ဝန်းကျင်နဲ့ ရွှေပြည်သာ (၂) ရပ်ကွက်မှာ အငှားဈေး ဖြစ်နေတယ်လို့ သိရပါတယ်။
'ကျန်တဲ့ ဆိုင်ခန်းတွေက ထပ်တက်လဲ သောင်းဂဏန်းလောက်ပဲ တက်တာ၊ ဒီအဆောက်အအုံ သုံးခန်းတွဲကို ငှားချင်လို့ တစ်ခန်းဘယ်လောက်လဲ သွားမေးတော့ တစ်ခန်းကိုခြောက်သိန်း တောင်းတယ် ' လို့ ရွှေပြည်သာမြို့နယ် (၂ )ရပ်ကွက် မှ အိမ်ခြံမြေအကျိုးဆောင် ဥိးဆန်းအောင်က ပြောပါတယ်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ