By Myanmar Builders Guide, Shweproperty.com
Updated at 26 June 2019
ဇွန်လ ၂၁ ရက်က စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသော စေပိုင်ဖွံ့ဖြိုးမှု လီမိတက်မှ မြန်မာ့ဂုဏ်ရည်လမ်းနှင့် အထက်ပန်းဆိုးတန်း လမ်းထောင့်တွင် တည်ဆောက်အကောင်အထည်ဖော်မည့် Gonyi Shophouse အဆောက်အအုံ ပိုင်တိုင်စိုက်ထူခြင်းအခမ်းအနားအဖွင့်မိန့်ခွန်း၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ ၁၀ စုနှစ်တစ်ခုအကြာ တစ်ရှိန်ထိုးမြင့်တက်ခဲ့သောအိမ်ခြံမြေပူဖောင်းကြီး ပေါက်မည့်အခြေအနေကို တာဝန်ယူထိန်းသိန်းနိုင်ခဲ့သည်ဟု ပြောခဲ့သည်။
‘‘ရန်ကုန်မြို့ရဲ့အိမ်ခြံမြေဈေးက ထင်သလိုတက်ခဲ့တဲ့ ကာလတစ်ခုရှိခဲ့တယ်။ ဒီကာလက ဂယက်ကို အစိုးရ သစ်တာဝန်ယူပြီး နောက် တောက်လျှောက်ရိုက်ခတ်မှုရှိခဲ့တယ်၊အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်မည်ဆိုပါက မြန်မာနိုင်ငံဘဏ္ဍာရေးနှင့် ဘဏ်စနစ်ကို ထိခိုက်နိုင်သဖြင့်ဝင်ရောက် ထိန်းသိမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။
ငွေချေးလိုသူတွေအနေနှင့် ဘဏ်ကနေငွေချေးယူမည်ဆိုလျှင် မရွေ့ပြောင်းနိုင်သော အိမ်၊ခြံ၊မြေတို့ကို ဘဏ်တွင်အပေါင်ထားပြီးချေးငှားရသဖြင့် အိမ်၊ခြံ၊မြေဈေးဆိုးရွားစွာကျဆင်းလာပါက ဆက်စပ်မှုရှိသော ဘဏ်တို့ပါထိခိုက်မှုရှိတတ်ကြောင်းသိရသည်။သို့သော်လည်း လက်ရှိကာလတွင် ရန်ကုန်အိမ်ခြံမြေဈေးကွက် အနေနှင့်တည်ငြိမ်မှုရလာပြီဖြစ်တာကြောင့် ပြန်လည်ရင်းနှီးမြှုပ်နှံမှုများ လုပ်လာကြပြီဖြစ်ကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ