By Myanmar Builders Guide, Shweproperty.com
Updated at 8 November 2018
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံ့ဝန်ထမ်းများ ပြင်ပတွင် အိမ်ငှားစရာမလိုရန် ရည်ရွယ်၍ ၁၄ မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ ၃၇လုံး(အခန်းပေါင်း ၅၈၄ခန်း)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းခွင့်ပြုငွေဖြင့် ၂၀၁၈-၁၉ ဘတ်ဂျက်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးသက်နိုင်က ပြောသည်။
“ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းဖြင့် ဝန်ထမ်းတွေ ရရှိတဲ့လစာကို ပြည့်ပြည့်ဝ၀ သုံးစွဲနိုင်မယ်။ဝန်ထမ်းတွေ ပြင်ပမှာအိမ်ငှားနေစရာမလိုအောင်ပေါ့။ ပြင်ပမှာ အိမ်ငှားစရာမလိုတော့ဘူး။အဲဒီလိုရည်ရွယ်ချက်နဲ့ ဝန်ထမ်း တွေအတွက်ပါ။ ကျနော်တို့အနေနဲ့ ရရှိတဲ့ ဘတ်ဂျက်အပေါ်မူတည်ပြီး တိုးချဲ့ဆောက်လုပ်သွားမှာပါ။”ဟု ၎င်းက ပြောသည်။
အဆိုပါ ဝန်ထမ်းအိမ်ရာများမှာ လေးခန်းတွဲ လေးထပ်အဆောက်အအုံအများဆုံးဖြစ်ပြီး ငွေကျပ်သန်းရှစ်ထောင် ကျော်သုံးစွဲသွားမည်ဖြစ်သည်။ပုသိမ်ကြီး၊ပြင်ဦးလွင်၊ မြင်းခြံမြိ့နယ်များတွင် တစ်လုံးစီ၊တံတားဦး၊အမရပူရ၊ ချမ်းမြသာစည်၊စဉ့်ကိုင်၊မလှိုင်မြို့နယ်များတွင် နှစ်လုံးစီ၊မြစ်သား၊သာစည်နှင့် ငါန်းဇွန်မြို့နယ်များတွင် သုံး လုံးစီ၊ဝမ်းတွင်းမြို့နယ်တွင် လေးလုံး၊မတ္တရာမြို့နယ်တွင် ငါးလုံး၊ပျော်ဘွယ်တွင် ခြောက် လုံးတည်ဆောက်သွားမည်ဟု ဆိုသည်။
“လေးခန်းတွဲ လေးထပ် RC အဆောက်အအုံတွေဖြစ်ပါတယ်။တည်ဆောက်ရေးအတွက် ဆောက်လုပ်ရေး ကုမ္ပဏီတွေကို တင်ဒါခေါ်ထားပါတယ်။ဝန်ထမ်းတွေအနေနဲ့ လျှောက်လွှာတွေလျှောက်လို့ရပါပြီ။လျှောက်လွှာက ရုံးမှာရောင်းပါတယ်။လိုအပ်တဲ့ အထောက်အထားတွေပြည့်စုံဖို့လိုပါတယ်။”ဟု အဆိုပါရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါဌာနအနေဖြင့် ပြီးခဲ့သည့် ဘတ်ဂျက်ကာလများတွင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၃ဝဝ၆ ခန်းတည် ဆောက်ခဲ့ပြီးဖြစ်သည်။လျှောက်ထားသူများအနေဖြင့် လျှောက်ထားရန်လိုအပ်ပြီး လျှောက်လွှာများကို တိုင်းဒေသကြီး အစိုးရဖွဲ့ထံတင်ပြကာ ချထားပေးသွားမည်ဖြစ်သည်။
Ref & Photo Credit : Myanmar Builder Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ