By Myanmar Builders Guide, Shweproperty.com
Updated at 1 November 2018
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာရေးနှစ်တွင်း မွန်ပြည်နယ်လေးမြို့နယ်တွင် ဝန်ထမ်းအိမ်ရာခြောက်လုံးတည်ဆောက်မည်ဖြစ်ကြောင်း မွန်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။
မော်လမြိုင်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာသုံးလုံး၊သထုံမြို့နယ်တွင်ဝန်ထမ်းအိမ်ရာတစ်လုံး၊သံဖြူဇရပ်မြို့နယ်တွင် ဝန်ထမ်းအိမ်ရာတစ်လုံးနှင့် ရေးမြို့နယ်တွင်ဝန်ထမ်းအိမ်ရာတစ်လုံးကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန လက်ထောက်ညွန်ကြားရေးမှူး မှ ပြောကြားသည်။
“အိမ်ရာတစ်ခုကို လေးထပ်လေးခန်းတွဲဆောက်မယ်။ဒီနှစ်ဘဏ္ဍာနှစ်အတွက် ဝန်ထမ်းအိမ်ရာတည်ဆောက်ဖို့ ကျပ် ၁၄၄၅ ဒသမ ၃၂၅ သန်းရရှိထားတယ်။လိုအပ်ချက်အခြေအနေမြင့်မားတဲ့နေရာ၊လိုအပ်ချက်များသောနေရာကို ဦးစားပေးတည်ဆောက်သွားမှာဖြစ်ပါတယ်" ဟု သိရသည်။
မွန်ပြည်နယ်တွင် ယခုဘဏ္ဍာနှစ်အတွင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ငွေကျပ်သန်း ၅ဝဝဝ ကျော် အသုံးပြုရမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည့် ၂ဝ၁၈-၂ဝ၁၉ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များပါ Citizen’s Budget တွင် ထုတ်ပြန်ထားသည်။
၂ဝ၁၈-၂ဝ၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် ရုံးနှင့် ဝန်ထမ်းအိမ်ရာဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် မော်လမြိုင်မြို့နယ်တွင် ငွေကျပ် ၃ဝ၃၂ ဒသမ ၈၅၁ သန်း၊သထုံမြို့နယ်တွင် ငွေကျပ် ၄၅၃ ဒသမ ၁ဝဝ သန်း၊မုဒုံမြို့နယ်တွင် ကျပ် ၂၆၇ ဒသမ ၂၆ဝ သန်း၊ကျိုက်ထိုမြို့နယ်တွင် ကျပ် ၉၁ ဒသမ ၃၁ဝ သန်း၊သံဖြူဇရပ်မြို့နယ်တွင် ၃၈၆ ဒသမ ၄ဝဝ သန်း၊ရေးမြို့နယ်တွင် ငွေကျပ် ၃၄ဝ ဒသမ ၅၈၄ သန်း၊ကျိုက်မရောမြို့နယ်တွင် ကျပ် ၂၉၁ ဒသမ ၂၇ဝ သန်း၊ချောင်းဆုံမြို့နယ်တွင် ၅၇ ဒသမ ၅ဝဝ သန်း၊ပေါင်မြို့နယ်တွင် ကျပ် ၅၅ ဒသမ ၂ဝဝ သန်းနှင့် ဘီးလင်းမြို့နယ်တွင် ကျပ် ၁၉၄ ဒသမ ၁၂ဝ သန်း ကိုအသုံးပြုမည်ဖြစ်သည်။
မွန်ပြည်နယ်တွင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်ထိစီမံခန့်ခွဲတည်ဆောက်ထားသော အဆောက်အအုံ ၁၆၉ လုံးရှိပြီး အခန်းပေါင်း ၉ဝ၈ ခန်းရှိကြောင်းသိရသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ