By Eleven Media Group, Shweproperty.com
Updated at 2 May 2019
လက်ရှိ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဝန်ထမ်းများအတွက် အိမ်ရာအခန်းပေါင်း ၁၀၃၇၇ ခန်း ဆောက်လုပ်နေပြီး အခန်းအများစုမှာ ပြီးစီးနေပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။
ဝန်ထမ်းများအတွက် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၆၇၃၆ ခန်း တည်ဆောက်ပေးခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အခန်း ၁၀၃၇၇ ခု ဆောက်လုပ်လျက်ရှိရာ အများစုမှာ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြီးစီးမည်ဖြစ်ပြီး လာမည့်ဘဏ္ဍာနှစ်များတွင် ဆက်လက်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ နက ယခု ၂၀၁၉ ခုနှစ်ကိုလည်း ဝန်ထမ်းအိမ် ရာနှစ်အဖြစ် ဆက်လက်သတ်မှတ်၍ ဝန် ထမ်းအိမ်ရာများ ထပ်မံဆောက်လုပ်လျက် ရှိပြီး လက်ရှိ၌ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ဝန်ထမ်းများအတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်တွင် ဝန်ထမ်းအိမ်ရာပေါင်း ၈၃ဝကျော် ဆောက်လုပ်လျက်ရှိကြောင်း၊ လက်ရှိ ဆောက်လုပ်နေသည့် ဝန်ထမ်းအိမ်ရာများ အနက် ပြည်သူ့ကျန်းမာရေး/ကုသရေး ဦး စီးဌာန၊ ဆေးရုံဝန်ထမ်းနှင့် ကုသရေးပိုင်းမှ ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၁၉၅ ခု၊ အိမ်ခန်းပေါင်း ၂၂၅၄ ခန်း၊ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် အိမ်ရာပေါင်း ၄၆၀ ခု၊ အိမ်ခန်းပေါင်း၂၄၂၈ ခန်း၊ ကျန်း မာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာနအတွက် အိမ်ရာပေါင်း ကိုးခု၊ အိမ်ခန်း ပေါင်း ၂၁၂ ခန်း၊ ဆေးသုတေသန ဦးစီးဌာန အတွက် အိမ်ရာပေါင်း သုံးခု၊ အိမ်ခန်းပေါင်း ၃၂ခန်း၊ အစားအသောက်နှင့်ဆေးဝါးကွပ် ကဲ ရေးဦးစီးဌာနအတွက် အိမ်ရာပေါင်း ၄၄ ခု၊ အိမ်ခန်းပေါင်း ၅၂၈ ခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အိမ်ရာပေါင်း ၁၂၃ ခု၊ အိမ်ခန်း ၅၂၃ ခန်းတို့ ဆောက်လုပ် လျက်ရှိကြောင်း သိရသည်။
“ယခုဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနအောက် က ဦးစီးဌာနအသီးသီးအတွက် ဝန်ထမ်း အိမ်ရာပေါင်း ၈၃၄ ခု၊ အိမ်ခန်းပေါင်း ၆၀၀၀ နီးပါးအထိ ဆောက်လုပ်ဖို့ ပြင်ထားပါတယ်။ အရင်ကာလတိုဘဏ္ဍာနှစ်မှာ ဆေးသုတေ သနဦးစီးဌာနက ဝန်ထမ်းတွေအတွက် မပါခဲ့ဘူး။ ဒါကြောင့် ထပ်ဆောက်မယ့် ဝန်ထမ်းအိမ်ရာတွေမှာ အရင်ကာလတိုဘဏ္ဍာနှစ် မှာမပါခဲ့တဲ့ ဦးစီးဌာနက ဝန်ထမ်းတွေအ တွက်လည်း ထည့်တွက်ပြင်ဆင်ခဲ့ပါတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
လက်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးအသိပညာ မြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ ညွှန်ကြားချက်များကို ခေတ်မီအောင် ကစိအေန ပြုလုပ်ခြင်းနှင့် မလို အပ်သည်များကို ပယ်ဖျက်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများနှင့်လူနာများ၊ လူနာ၏မိသား စုဝင်များအကြား ဆက်ဆံရေး ပိုမိုကောင်း မွန်လာစေရေး၊ ပြည်သူလူထုအခြေပြု ကျန်း မာရေး စောင့်ရှောက်မှုဆေးခန်းများကို ဖွင့်လှစ်၍ မကူးစက်သောရောဂါနှိမ်နင်းရေး ကို အားဖြည့်ဆောင်ရွက်ရေး၊ အခြေခံကျန်း မာရေးဝန်ထမ်းများဖြင့် ရွေ့လျားကျန်းမာ ရေးဆေးခန်းများ ဖွင့်လှစ်ရေး၊ တိုင်းဒေသကြီး/ပြည်နယ် သင်ကြားရေး အဖွဲ့များကို ပြန်လည်ဖွဲ့စည်း၍ တာဝန်ခံများ ထားရှိရေးတို့ ဖြစ်ကြောင်းနှင့် ဝန်ကြီးဌာန အနေဖြင့် ၂၀၁၈-၂၀၁၉ ခုနှစ်ကို သတင်းအချက်နှစ်၊ ဘဏ္ဍာနှစ် ရန်ပုံငွေများကို အကျိုးရှိစွာ ခွဲဝေသုံးစွဲသည့် နှစ် (year of budget)နှင့် ဝန်ထမ်းအိမ်ရာ ဦးစားပေး ဆောက်လုပ်သည့်နှစ်ဟု သတ်မှတ်လုပ်ဆောင် လျက်ရှိသည်။
Ref & Photo Credit : Eleven Media Group
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ