By Kumudra, Shweproperty.com
Updated at 2 October 2018
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စု ရန်ပုံငွေနဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနရုံးအောက်ရှိ မြို့ နယ်တချို့ မှာ ဝန်ထမ်းအိမ်ရာနဲ့ ရုံး အဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံသားပြည်တွင်း ပုဂ္ဂလိကကုမ္ဗဏီလုပ်ငန်းရှင်တွေအနေနဲ့ အိတ်ဖွင့်တင်ဒါ တင်သွင်းဖို့ ဖိတ်ခေါ်နေပါတယ်။
(က) သာကေတမြို့နယ် (၆) အနောက်ရပ်ကွက်၊ မြင်တော်သာလမ်း၊ အမှတ် (၇၆) မြေကွက်ပေါ်မှာ ၅၈ ့ ၅ ပေx ၅၅ ပေ လေးခန်းတွဲ ခုနစ်ထပ် (မြေညီကားပါကင်အပါ အဝင်) ဝန်ထမ်းအိမ်ရာနှစ်လုံး ဆောက်လုပ်ရန်၊ (ခ) သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ) ရပ်ကွက်၊ (၁၆) လုပ်သားလမ်း၊ မြေကွက်အမှတ် (၃၃/က)၊ (၃၃/ခ) ပေါ်မှာ ၈၇ ပေx ၅၅ ပေ ခြောက်ခန်းတွဲ ခုနစ်ထပ်၊ မြေညီထပ် ကားပါကင်အပါအဝင် ဝန်ထမ်းအိမ်ရာနှစ်လုံးဆောက်လုပ်ခြင်း၊ (ဂ) လှိုင်သာယာမြို့နယ်၊ သောင်ကြီးမြောက်၊ (၈) ရပ်ကွက်၊ အမှတ်(၄၆)ရှိ မြေအကျယ်အဝန်းပေ၁၃၀x ပေ ၁၇၀ ပေါ်မှာ ပေ ၉၀ x ပေ၃၀ (တစ်ထပ်သံကူကွန်ကရစ် အမျိုး အစား) ရုံးအဆောက်အအုံတစ်လုံး ဆောက်လုပ်ရန် ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေ လုပ်ငန်းဆိုင်ရာ အဆိုပြုလွှာတွေကို ၁၅-၁၀-၂၀၁၈ ရက်နေ့ကစဝယ်ယူနိုင်ပြီး ၁၄-၁၁-၂၀၁၈ ရက်နေ့ ၃းဝဝ နာရီနောက်ဆုံးထား ပြန်တင်သွင်းရမှာ ဖြစ်ပါတယ်။ တင်ဒါပုံစံ (Form) တွေကို ပြည်တွင်းအခွန်ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူး ရုံး၊ အမှတ် ၁၆၃/၁၆၇၊ ပန်းဆိုးတန်း အလယ်ဘလောက်၊ ကျောက်တံတားမြို့နယ်မှာ ဝယ်ယူနိုင်ပြီး တင်ဒါစည်းကမ်းချက်တွေနဲ့အညီ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာတင်သွင်းရမှာ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေ သိရှိလိုပါက ဖုန်း ဝ၁- ၂၅၂၄၂၈၊ ဝ၁-၂၅၂၅၄၃၊ဝ၁- ၃၇၂၃၀၉ ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးတွေကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
Ref : Kumudra
Photo Credit : Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ