ကိုယ်တိုင် သတိလက်လွတ်သော်လည်းကောင်း၊ ပေါ့ဆ၍ဖြစ်စေ မိမိမြတ်နိုးတဲ့ အဝတ်အစားသစ်များ၊ အိပ်ယာခင်း၊ ‌ကော်ဇောခင်းများတွင် အစွန်းအထင်းများ ပေကျံသွားပါက ယခုပြောပြမယ့် နည်းလမ်းများက စာဖတ်သူများအတွက် အကျိုးရှိစေမည်ဟု ယုံကြည်ပါသည်။


၁။ နှုတ်ခမ်းနီရာ စွန်းကျန်ခဲ့သော်


ဆံပင်ပုံသွင်းဆေးရည်နဲ့ အဝတ်စို တစ်ခုလိုပါမည်။ နှုတ်ခမ်းနီပေတဲ့နေရာကို Hairspray နဲ့ အသာဖြန်းပေးပြီး ၁၀ မိနစ်လောက်စောင့်ကာ အဝတ်စိုလေးတစ်ခုနဲ့ အသာအယာ သန့်ရှင်းပေးရပါမည်။ နှုတ်ခမ်းနီရာများပျောက်ကင်းသွားနိုင်သည်ဟု ဆိုသည်။


၂။ ကော်ဖီစွန်းထင်းခဲ့ပါက


ရေအေးအေးနဲ့ ပန်းကန်ဆေးဆပ်ပြာရည် လိုပါမည်။ ရေအေးနဲ့ ဆပ်ပြာရည်ကို ရောစပ်သုံးပေးပြီး အဝတ်ပေါ်ကအစွန်းအထင်း‌ပေါ်သို့ ရောစပ်ထားသော ဆပ်ပြာရည်စွတ်ကာ အသာအယာပွတ်ပေးရုံနဲ့ ကော်ဖီအစွန်းများ ပျောက်ကင်းသွားပါလိမ့်မည်။





၃။ မင်စွန်းပေတဲ့အခါ


ဆံပင်ပုံသွင်းဆေး Hairspray နဲ့ အဝတ်သန့်ကလေးသာလိုပါတယ်။ မင်စွန်းတဲ့နေရာကို Hairspray နိုင်နိုင်ဖြန်းပေးပြီး 10 မိနစ်လောက်ထားကာ အဝတ်သန့်နဲ့ ပြန်လည် သန့်စင်နိုင်ပါသည်။


၄။ ရွှံနဲ့ တခြား အညစ်အကြေးများပေကျံလာသော်


ကလေးငယ်များ အထူးသဖြင့် ယောကျ်ားလေးများ ဘောလုံးကစားထားစဉ် ဝတ်ဆင်ထားသည့် အဝတ်အစားများကို လျှော်ရတော့မည်ဆို မေမေတို့အနေနှင့် စိတ်ညစ်ရတတ်ပါသည်။ ထိုအခါမျိုးတွင် ယခုနည်းလမ်းလေးကို အသုံးပြုကြည့်ပါဟု တိုက်တွန်းချင်ပါသည်။


ရှာလကာရည်တစ်ဆနဲ့ ရေဆတူရောစပ်လိုက်ပါ။ အညစ်အကြေး အကွက်နေရာတွေပေါ်လောင်းချကာ ၁၀ မိနစ်လောက်စိမ်ထားပေးလိုက်ပြီး အဝတ်လျှော်နေကြအတိုင်း လျှော်ပစ်လိုက်ရုံပါပဲရှင်။


၅။ ချောကလက်များ စွန်းထင်းပါက


ထိုအခါမျိုးတွင် ဓားတစ်ချောင်း၊ ရေနဲ့ နို့၊ အဝတ်လျှော်ဆပ်ပြာရည်တွေ လိုအပ်ပါလိမ့်မယ်။ ဓားလေးနဲ့ ချောကလက်တွေကို ခြစ်ချလိုက်ပါ။ ကျန်နေတဲ့အကွက်ကိုတော့ နို့ရည်လေးလောင်းချပေးပြီး ငါးမိနစ်စာ စိမ်ထားပြီး သန့်စင်နိုင်ပါတယ်။





၆။ မိတ်ကပ်များ ကွက်နေသော်၊ စွန်းထင်းခဲ့သော်


မိန်းကလေးအများစု ဖြစ်တတ်သည့် ပြဿနာပင်ဖြစ်သည်။ မိတ်ကပ်များ အဝတ်အစားပေါ်တွင် စွန်းထင်းခဲ့ပါက အရက်ပြန်ကို ဂွမ်း ဒါမှမဟုတ် အဝတ်စသန့်နဲ့တို့ပြီး သန့်စင်သွားတဲ့အထိ ဖြည်းညင်းစွာ ပွတ်တိုက်ပေးလိုက်ရုံပါပဲနော်။


၇။ သွေးကွက်များကျန်ခဲ့သော်


ရေ၊ စားပွဲတင်ဆားလိုပါမည်။ ဆားရည်ဖျော်ပြီးရင် စွန်းထင်းနေသောနေရာပေါ်မှာ ၁၀မိနစ်ခန့် စိမ်ထားပေးလိုက်ပြီး သန့်စင်ပေးနိုင်ပါတယ်။


လေ့လာမှတ်သားစရာ အိမ်ခြံမြေဆောင်းပါးများ


သင်တို့သတိမပြုမိတဲ့ မီးဖိုချောင်မှာ အမြဲလွှင့်ပစ်လေ့ရှိတဲ့ ကြက်သွန်ဖြူအခွံ၏ အစွမ်းပကားများ


သင့်အိမ်မှာ ခြင်ဆေးခွေ ၊အမွှေးတိုင်နှင့်ပရုတ်လုံးတွေ အသုံးပြုနေပါကမဖြစ်မနေ သိထားသင့်ပါတယ်


အိမ်တိုင်း အိမ်တိုင်းမှာ စိုက်ထားသင့်သော ရှားစောင်းလက်ပတ် အစွမ်းအံ့မခန်း


Posted By : Sint Sint (ShweProperty.com)